ဆိုရှယ်မီဒီယာခေတ်မှာ မထင်မှတ်တဲ့ဓာတ်ပုံလေးတစ်ပုံကနေ အလိုလိုနေရင်း နာမည်ထကြီးသွားတာမျိုး ရှိတတ်ပါတယ်။ အခုလည်း ငါးလသားအရွယ်ဘေဘီလေးတစ်ယောက်ရဲ့ ဓာတ်ပုံတွေ အင်တာနက်ပေါ်မှာပလူပျံနေတာပါ။ ဒီသတင်းကို foxnews အရ သိရတာဖြစ်ပါတယ်။
နစ်ခ်နဲ့ အိုင်ဗီဂျန်ဇန်တို့ဟာ ယခုရက်သတ္တပတ်အစောပိုင်းတုန်းက သူတို့ရဲ့ငါးလသားအရွယ်သမီးလေးကိုခေါ်ပြီး Walmart ကိုသွားခဲ့ပါတယ်။ ဒါပေမဲ့ Walmart ကိုသွားရာကနေ နာမည်ကြီးသွားမယ်ဆိုတာတော့ မသိခဲ့ပါဘူး။ စတိုးဆိုင်ထဲမှာစောင့်နေရင်း နစ်ခ်ဟာ သူ့သမီးလေး ကီရာရဲ့ ရယ်စရာအနီးကပ်ပုံကို တီဗီထဲပေါ်လာအောင် လုံခြုံရေးကင်မရာရှေ့မှာမြှောက်ပြခဲ့ပါတယ်။ သားအဖနှစ်ယောက်ရဲ့ချစ်စဖွယ် အခိုက်အတန့်လေးကိုတော့ အိုင်ဗီက ဓာတ်ပုံပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပြီး ဖေ့စ်ဘုတ်သူငယ်ချင်းတွေကို ရှဲခဲ့တာဖြစ်ပါတယ်။
absolutely losing it over this picture of my brother with his baby pic.twitter.com/jfL3VDQ9jN
— witchy woman (@keri_wtf) October 16, 2020
ဒါပေမဲ့ နစ်ခ်ရဲ့ညီမက follower ၁၆၀၀ ကျော်ရှိတဲ့ သူ့ရဲ့တွစ်တာထဲမှာပြန်ရှဲခဲ့ပါတယ်။ ဓာတ်ပုံတင်ပြီး ငါးရက်အတွင်းမှာတင် နစ်ခ်ရဲ့ကီရာတို့ရဲ့Walmart က ဓာတ်ပုံကို လူပေါင်း ၁.၃ သန်း like ခဲ့ကြပြီး အကြိမ်ပေါင်း ၁၈၇,၈၀၀ ကျော် retweet လုပ်ခံရပါတယ်။ အင်စတာဂရမ်ပေါ်မှာလည်း ဒီဓာတ်ပုံလေးကို လူပေါင်း ၁သန်းကျော် like ခဲ့ကြပါတယ်။ ရင်းနှီးသူအချို့ကတော့ “ဒါ ရှင့်ကလေးလား။ ကီရာလား။ ဆိုရှယ်မီဒီယာပေါ်မှာ ကလေးပုံတွေချည်းပဲ။” လို့ အိုင်ဗီကိုပြောပြခဲ့တာ ဖြစ်ပါတယ်။

အချို့လူတွေကတော့ ဒီဓာတ်ပုံဟာ The Lion King ထဲမှာ ရာဖီကီက ဆင်ဘာကိုကိုင်မြှောက်ထားတာနဲ့တူကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း နစ်ခ်နဲ့ အိုင်ဗီကတော့ ဒီဓာတ်ပုံက သူတို့အမှတ်တမဲ့ရိုက်ကူးတဲ့ဓာတ်ပုံပါလို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

နစ်ခ်ကတော့ “ဝယ်ထားတဲ့ပစ္စည်းတွေကို ပိုက်ဆံရှင်းဖို့လုပ်တော့ ကင်မရာနဲ့ မော်နီတာကို ကျွန်တော်သတိထားမိလိုက်တယ်။ ပြီးတော့ ကျွန်တော် ကီရာ့ကိုကောက်ချီလိုက်တယ်။ အိုင်ဗီကဓာတ်ပုံရိုက်တာပါ။ အိုင်ဗီကလုပ်ခိုင်းတာ။ ကလေးကိုအဲ့ဒီလိုချီပြရင် ရယ်စရာကောင်းမှာတဲ့။ ဒါနဲ့ ကျွန်တော်လည်း သူပြောတဲ့အတိုင်း သမီးကိုကင်မရာရှေ့မှာ ချီပြခဲ့တာ။” လို့ အခုလိုရှင်းပြပါတယ်။
ShweMom