တူမလေးရဲ့ ထူးဆန်းတဲ့ အိပ်နေပုံကြောင့် ခြောက်ခြားသွားခဲ့ရတဲ့ ကလေးထိန်းအမျိုးသမီး

ကလေးတွေဟာ တစ်ခါတစ်ရံမှာ ထူးဆန်းပါတယ်။ လူကြီးသူမတွေက လူသားတစ်ယောက်အနေနဲ့ ဘယ်လို ဆီလျော်အောင် နေထိုင်သင့်တယ်ဆိုတဲ့ လူ့စည်းကမ်းတွေကို သူတို့ ခေါင်းထဲ ရိုက်မသွင်းပေးမချင်း ကလေးတွေဟာ ထူးထူးဆန်းဆန်းတွေ လုပ်တတ်ပါတယ်။ တစ်ခါတစ်လေ အဆန်းအပြားတွေ လုပ်တတ်လွန်းလို့ သဘာဝလွန်ဖြစ်ရပ်တွေလို့တောင် ထင်ရတာကို အောက်က ဖြစ်ရပ်မှာ တွေ့ရမှာပါ။

Instagram

လွန်ခဲ့တဲ့ နှစ်နှစ်က မီကေလာဆိုသူ အမျိုးသမီးဟာ တူမလေးတစ်ယောက်ကို ပထမဆုံးအကြိမ် ထိန်းပေးဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ကလေးနဲ့ အတူနေရင်း သရဲကားဆန်ဆန် မြင်ကွင်းမျိုးကို ကလေးဆီမှာ မြင်ခဲ့တာကြောင့် မီကေလာဟာ အရမ်းတုန်လှုပ်သွားခဲ့ပါတယ်။ ဓာတ်ပုံတွေထဲမှာ တွေ့ရတဲ့ အတိုင်းပဲ ကလေးက ပုခက်အပြင်ကို ခြေထောက်တွဲလောင်းထုတ်ပြီး ဇောက်ထိုးကြီး အိပ်နေတာပါ။

Twitter

တူမလေးရဲ့ အိပ်ပုံက အရမ်းဆန်းလွန်းနေတာကြောင့် မီကေလာခမျာ အထိတ်တလန့်နဲ့ ကလေးမိဘတွေကို သက်သေအဖြစ် ပြဖို့ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။ သူမအနေနဲ့လည်း မိဘတွေကိုပဲ ခေါ်ရမလား၊ ပယောဂဆရာပဲ ခေါ်ရမလားဆိုပြီးတောင် စဉ်းစားရင်း တုန်လှုပ်နေခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ မတတ်နိုင်ဘဲ ကလေးရဲ့ မိခင်ကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။

READ
စုန်းမတွေလို့ယူဆရတဲ့ရုပ်ကြွင်းတွေနဲ့ ထူးထူးဆန်းဆန်း သဂြိုလ်မှုများ
Instagram

မီကေလာမှာတော့ ကလေးမိခင်ရဲ့ စကားသံကို အခုလို ကြားကာမှ သက်ပြင်းချနိုင်ပါတော့တယ်။ “ဟုတ်တယ်လေ။ သမီးလေးက အဲဒီလို ခဏခဏ အိပ်တတ်တာ။ တစ်ခါတစ်လေ သူ့ကို ကြည့်ပြီးတောင် ခေါင်းရှုပ်တယ်။ ဘာမှမစိုးရိမ်ပါနဲ့။ ခဏနေကျရင် ပုံမှန်အတိုင်းပြန်အိပ်သွားလိမ့်မယ်” လို့ ပြောပြတဲ့အခါမှ မီကေလာဟာ တူမဖြစ်သူရဲ့ အိပ်ရင်း ယောဂကျင့်သလို ဖြစ်နေတဲ့ ထူးထူးဆန်းဆန်း အမူအကျင့်ကို လက်ခံလာနိုင်ပါတော့တယ်။

အွန်လိုင်းက လူတွေကတော့ “သရဲကားထဲကဟာနဲ့ တူလိုက်တာ” “ကလေးတွေက အကြောပျော့လို့ ဒီလိုဖြစ်တာပါ။ ပြင်ပေးလိုက်ရင် အဆင်ပြေသွားမှာပါ” စသဖြင့် ကလေးရဲ့ ထူးခြားတဲ့ အိပ်စက်မှုကြောင့် အမျိုးမျိုး ဝေဖန်မှုတွေ ပေးနေခဲ့ကြပါတယ်။

READ
ဖြစ်ရပ်မှန်တွေကို အခြေခံရိုက်ထားတဲ့ နာမည်ကျော်သရဲကား (၃)ကားအကြောင်း

လင်းလင်း (ShweMom)

Ref: elitereaders

SHARE