ကျော်ကြားသူဆယ်လီတွေရဲ့ ရယ်စရာကောင်းတဲ့ ရုပ်ပြောင်ပုံတူများ

Ballpoint Papi aka Tw1tterPicasso အမည်နဲ့ အင်စတာဂရမ်အသုံးပြုသူတစ်ယောက်ဟာ ကျော်ကြားတဲ့ဆယ်လီတွေရဲ့ ရုပ်ပုံတွေကို ဘောပင်အသုံးပြုပြီး ပုံတူရုပ်ပြောင်တွေရေးဆွဲပါတယ်။ သူရေးဆွဲတဲ့လက်ရာတွေကတော့ အငြင်းပွားစရာမလိုလောက်အောင် ဟာသမြောက်ပြီး ရယ်စရာကောင်းနေပါတယ်။

အဆိုပါပုံတူလက်ရာတွေရဲ့ နောက်ကွယ်ကလူကတော့ ကိုရေးလို့ အမည်ရပြီး သြစတေးလျမှဖြစ်ပါတယ်။ စစချင်းကြည့်လိုက်ရင်တော့ရု ပ်ပြောင်ပုံတူတွေဟာ ကလေးဆန်တယ်လို့ထင်ရပါတယ်။ ကိုရေးဟာ စာရွက်တစ်ရွက်၊ ဘောပင်တစ်ချောင်းရှိရုံနဲ့ ရိုးရိုးရှင်းရှင်းနဲ့ ရယ်စရာဟာသရုပ်ပြောင်တွေကို ရေးဆွဲနိုင်ပါတယ်။ သူရေးဆွဲတဲ့ပုံတွေထဲမှာ တေးဂီတအနုပညာရှင်တွေ၊ အားကစားသမားတွေနဲ့ အခြားသူတွေလည်းအစုံပါပဲ။

ကိုရေးရဲ့ အနုပညာကိုနှစ်ခြိုက်ကြတဲ့ follower ပေါင်း (၁၇၀,၀၀၀) လောက်ရှိပါတယ်။ ကိုရေးဟာ သူရဲ့အင်စတာဂရမ်စာမျက်နှာပေါ်ကို လူအများအပြားက ရယ်မောချင်လို့လာကြည့်ကြတာဖြစ်ကြောင်းနဲ့ သူ့ရဲ့လက်ရာကို မနှစ်မြို့သူတွေရှိပေမယ့် ကိစ္စမရှိပါဘူးလို့ ဆိုလိုက်ပါတယ်။ အောက်ဖက်မှာတော့ ကျော်ကြားသူအချို့ကို ကိုရေးဟာ ဘယ်လိုသရုပ်ဖော်ထားသလဲဆိုတာ တင်ပြပေးလိုက်ပါတယ်။

READ
ကမ္ဘာ့စံချိန်တင်သွားတဲ့ ပါးစပ်ထဲဘောလုံးအများဆုံး ထည့်နိုင်တဲ့ ခွေးလေး

လင်းလင်း (ShweMom)

Ref: BoredPanda

SHARE