သိပ္ပံနည်းကျအတည်ပြုထားတဲ့ ငှက်ပျောသီးစားခြင်းကြောင့် ရလာနိုင်တဲ့အကျိုးကျေးဇူးများ

Freepik- aleksandarlittlewolf

ငှက်ပျောသီးမှာပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို အရင်ဆုံး ကြည့်လိုက်ရအောင်နော်။

  • Protein: 1 gram
  • Carbohydrates: 28 grams
  • Sugars: 15 grams (naturally occurring)
  • Fiber: 3 grams
  • Potassium: 450 mg
  • Magnesium: 32 mg
  • Vitamin C: 10.3 mg
  • Vitamin B6: 0.4 mg
Freepik- paulovilela

ငှက်ပျောသီးမကြိုက်တဲ့လူရယ်တော့ မရှိသလောက်ပါပဲနော်။ ငှက်ပျော်သီးဟာ အရသာလည်းကောင်းတဲ့အပြင်ကိုမှ လူ့ခန္ဓာကိုယ်ကိုလည်း ဖက်ပေါင်းစုံကနေပြီးတော့ ကူညီထောက်ပံ့မှုတွေပေးနိုင်ပါသေးတယ်။ သိပ္ပံနည်းကျရှာဖွေတွေ့ရှိထားတဲ့ ငှက်ပျောသီးစားခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့..

(၁) သွေးလှည့်ပတ်မှုအတွက်

သွေးချို၊ ဆီးချိုရှိတဲ့လူတွေဟာ ချိုလွန်းတဲ့အသီးအနှံတွေကို မစားရဘူးဆိုတဲ့ ဆိုရိုးရှိနေတတ်ပါတယ်။ ဒါပေမဲ့ ဒီါအချက်ဟာ ငှက်ပျောသီးမှာတော့ အသုံးမဝင်ပါဘူး။ ငှက်ပျောသီးမှာ ပါဝင်တဲ့ pecrin နဲ့ resistant starch တွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းငြှိပေးနိုင်ပါတယ်။

READ
ရင်သားနာကျင်မှုဝေဒနာကို ကုစားပေးနိုင်တဲ့ နည်းလမ်းများ
Freepik- lifeforstock

(၂) နှလုံးကျန်းမာရေး

ပိုတက်ဆီယမ်ဓာတ်ဟာ sodium ပမာဏကို ထိန်းငြှိပေးနိုင်ပါတယ်။ ဒီအတွက်ကြောင့် သွေးတိုးတာတွေကိုမဖြစ်စေတဲ့အပြင် ဆက်စပ် နှလုံးကျန်းမာရေးကိုပါ မထိခိုက်စေနိုင်ပါဘူး။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အပြန်အလှန်အေိထာက်ကူဖြစ်စေပါတယ်။

(၃) ဝိတ်ကျစေဖို့

ငှက်ပျောသီးမှာ ပရိုတင်းဓာတ်ပြည့်ဝစွာပါဝင်စေပါတယ်။ နောက် ဖိုက်ဘာဓာတ်နဲ့ resistant starch တွေဟာ အဆာခံစေတဲ့အတွက်ကြောင့် တစ်နေ့ကို ငှက်ပျောသီး ၂ လုံးတည်းစားပြီးတောင် ဝိတ်ချနိုင်ပါတယ်။

Freepik- freepik

(၄) အစာချေစနစ်အတွက်

အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်း ငှက်ပျောသီးမှာ resistant starch နဲ့ ဖိုက်ဘာဓာတ်တွေ၊ pectin တွေ ပါဝင်တဲ့အတွက်ကြောင့် အစာချေစနစ်ကိုလည်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာတို့၊ လုပ်ဆောင်အားကောင်းစေတာတို့ စသဖြင့် အထောက်အကူဖြစ်စေပါတယ်။

penny

SHARE