ဘာစီလိုနာအသင်း၏ တွစ်တာအကောင့် အဟက်ခံရပြီး၊ ဒီမာရီယာကို ခေါ်ယူခဲ့ကြောင်း ဖော်ပြခဲ့

စပိန်ထိပ်သီကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ တရားဝင် တွစ်တာအကောင့်ကို (ယနေ့)ဗုဒ္ဓဟူးမနက်ပိုင်းက နည်းပညာအုပ်စုတစ်ခုက ၀င်ရောက်ဟက်ပြီး နှောက်ယှက်မှုအချို့ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ Hacker အဖွဲ့ရဲ့ ဖော်ပြချက်အရ OurMine (Security Group) အဖွဲ့မှဖြစ်ကြောင်း Goal.com မှ ဖော်ပြခဲ့ပါတယ်။

အဆိုပါ အဖွဲ့ဟာ ဆော်ဒီအခြေစိုက် နည်းပညာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ယခင်က ကမ္ဘာကျော် လုပ်ငန်းကြီးတွေ ဖြစ်တဲ့ CNN, Netflix, Marvel အစရှိတဲ့ ကုမ္မဏီတွေရဲ့ Facebook အကောင့်တွေကိုလည်း ဟက်ခဲ့ပါတယ်။ ဒါ့အပြင် Facebook CEO ဖြစ်တဲ့ Mark Zuckerberg အကောင့်ကိုလည်း ဟက်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး၊ ကမ္ဘာ့အန္တရာယ်အရှိဆုံး Hacker အဖွဲ့အဖြစ် သတ်မှတ်ခံထားရပါတယ်။

OurMine (Security Group) အဖွဲ့ဟာ ဘာစီလိုနာအသင်းရဲ့ အကောင့်ကို ဟက်ပြီး မိနစ်ပိုင်းအတွင်းမှာ PSG အသင်း တိုက်စစ်မှူး အိန်ဂျယ်ဒီမာဒီယာကို ဘာစီလိုနာက ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း Post တင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အကောင့်ကို ပြန်လည်ရယူပြီးနောက်အဟက်ခံခဲ့ရကြောင်း ကြေငြာခဲ့ပါတယ်။

READ
၁၈-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကတိက၀တ်တွေချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကစားသမားဟောင်း နေမာကို တရားစွဲဆိုမည့်အကြောင်း ကြေငြာခဲ့ပါတယ်။ ယင်းနောက် မနက်ပိုင်းမှာပင် အကောင့် အဟက်ခံခဲ့ရပြီး၊ (နေမာရောက်လာလို့ ပွဲထွက်ခွင့် မသေချာတဲ့) ဒီမာရီယာကို ခေါ်ယူနိုင်ခဲ့တယ်လို့ Hacker တွေက တင်ခဲ့တာပါ။

နောက်ထပ် တစ်နာရီအကြာမှာ ဘာစီလိုနာတွစ်တာကို ကိုင်တွယ်နေတဲ့ နည်းပညာရှင်တွေဟာ အသင်းရဲ့အကောင့်ကို ပြန်လည်ရယူနိုင်ခဲ့ပြီး၊ စောစောက Hacker အဖွဲ့တင်ထားတဲ့ Post တွေကိုလည်း ဖြုတ်ချခဲ့ပါတယ်။ လက်ရှိအချိန်မှာတာ့ အသင်းရဲ့ တွစ်တာကို ပြည့်ဝစွာထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

လင်းဇော်ကို (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE