သွားကြားသန့်ရှင်းတဲ့ချည်မျှင်ကိုသုံးပြီး ဆားဝက်ခြံဖယ်ရှားပြခဲ့တဲ့ ဘလော့ဂါ

အရေပြားမှာ ဖြစ်တတ်တဲ့ ပြဿနာတွေ အများကြီးထဲမှ ဆားဝက်ခြံဟာလည်း တစ်ခုအပါအ၀င်ပါ။ဟော်မုန်းတွေ၊ချွေးပေါက်ပိတ်တာတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖြစ်ပေါ်လာတဲ့ ဒီပြဿနာကို ဖြေရှင်းနည်းတွေ အများကြီးရှိပါတယ်။အဲ့ဒီ အထဲကမှ Beauty ဘလော်ဂါ Sukhi Mann က သွားကြားသန့် ရှင်းရန် သုံးတဲ့ ချည်မျှင် (Dental Floss) ကို သုံးပြီး ဆားဝက်ခြံတွေကို ဖယ်ရှားပြ ခဲ့ပါတယ်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ dental floss နဲ့ခံတွင်းသန့်ရှင်းတဲ့ ပလုတ် ကျင်းဆေး(ဒါမှမဟုတ်)တိုနာ၊ မျက်နှာသုတ်ပုဝါ ပါ။ အရင်ဆုံး တဘက်(မျ က်နှာ သုတ်ပုဝါ)ကို ရေနွေးပူထဲကို ထည့်ပါ။အပူက နည်း နည်းလျော့ပြီး အနေေ တာ်ေ လာက်ဆိုရင်တော့ ဆားဝက်ခြံတွေ ပေါက်နေတဲ့ နေရာကို တဘက်နဲ့သုတ် ပြီး သန့်ရှင်းရေးလုပ်ပေးပါ။ အောက်က
ဗီဒီလေးမှာ ကြည့်နိုင်ပါတယ်။

READ
မင်းသမီး Lee Tae-Im ရဲ့ ထမင်း၃ဇွန်းပဲစားတဲ့ အပြင်းစား ၀ိတ်ချနည်း

https://www.instagram.com/p/BTW74E5l1_H/

ပူနွေးနေတဲ့ တဘက်ကို ဆားဝက်ခြံပေါက်နေတဲ့ နှာခေါင်းပေါ်မှာ ငါးမိနစ်ေ လာက် တင်ထားပေးပါ။ ပိတ်နေတဲ့ ချွေးပေါက်တွေ ပွင့်သွားဖို့ ခုလို လုပ်ပေး ပါ။ပြီးရင်တော့ သွားကြား သန့်ရှင်းရာမှာသုံးတဲ့ dental floss ကို ယူပြီး ပုံမှာ ပြထားတဲ့ အတိုင်း နှာေ ခါင်းပေါ်မှာ ဆွဲပြီး သန့်ရှင်းပေးရမှာပါ။ဒီနည်းဟာ ငွေ ကုန်ကြေးကျလည်း သက်သာပြီး ထိရောက်တဲ့ နည်းလို့ Sukhi ကပြော ပါတ ယ်။သန့် ရှင်းပြီး ရင်တော့ ပလုတ်ကျင်းဆေး(ဒါမှမဟုတ်) တိုနာကို အဲ့ဒီနေရာ မှာ ပွတ်ပြီး သန့်ရှင်းပေးပါ။

Ref;themirror

Nilar(Shwemom)

SHARE