နာမည်ကြီးကုမ္ပဏီရဲ့ စီအီးအိုကို delivery man တစ်ဦးအနေနဲ့ သိခွင့်ရလိုက်တဲ့ အမျိုးသမီး

တရုတ်နိုင်ငံ ပေကျင်းမြို့မှ အမျိုးသမီးတစ်ဦးဟာ အွန်လိုင်း Ele.me app ကနေတဆင့် သစ်သီးတွေကို မှာယူခဲ့ပါတယ်။ သူမကို သစ်သီးလာပို့တဲ့ အမျိုးသားဟာ သူ့ကိုယ်သူ အစားအသောက်ပို့ ၀န်ဆောင်မှုလုပ်ငန်းရဲ့ အမှုဆောင်အရာရှိချုပ်အနေနဲ့ မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ထိုအမျိုးသမီးဟာ မယုံကြည်ခဲ့ပါဘူး။ ပစ္စည်းလာပို့တဲ့ အမျိုးသားကို တကယ်လို့  သူသာ Ele.me ရဲ့ စီအီးအိုဝမ်လိုင်ဖြစ်မယ်ဆိုရင် သူမကလည်း အလီဘာဘာတည်ထောင်သူ ဂျက်မားပါဆိုပြီး ပြန်လည်စနောက်ခဲ့ပါတယ်။

Alizila.com
Weibo

ထိုအမျိုးသားထွက်သွားတဲ့အခါ သူမနဲ့ အမျိုးသားဖြစ်သူဟာ အင်တာနက်ပေါ်မှာ ပြန်လည်ရှာဖွေကြည့်တဲ့ အခါမှာတော့ ထိုအမျိုးသားဟာ တကယ်ပဲ သူပြောပြသွားတဲ့အတိုင်း စီအီးအိုဖြစ်နေတာကို အံ့သြဖွယ်သိရှိခဲ့ပါတယ်။ ဒါနဲ့ သူမရဲ့ အဖြစ်ကို အွန်လိုင်းပေါ်မှာ ဝေမျှခဲ့ရာကနေ Ele.me တရားဝင်အကောင့်က သူမဆီကိုလာပြီး စာပြန်ခဲ့ပါတယ်။ ပြန်စာထဲမှာတော့ ပစ္စည်းပို့သမားတစ်ဦးရဲ့ ကြုံတွေနိုင်မယ့် အခက်အခဲတွေကို လက်တွေ့သိချင်တာကြောင့် အထက်လူကြီးတစ်ယောက်အနေနဲ့ နားလည်အောင် လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဆိုထားပါတယ်။ ယခုနှစ်ဧပြီမှာတော့ Ele.me ဟာ အလီဘာဘာအုပ်စုထဲ ၀င်ရောက်ပူးပေါင်းခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

READ
ဆေးရုံက လျစ်လျူရှုထားတဲ့ကလေးကို မိခင်စိတ်အပြည့်နဲ့ ဆက်ဆံပေးခဲ့တဲ့ ရဲမေ
The Financial Express

လင်းလင်း (ShweMom)

Ref: asiaone

SHARE