သည်းခံခွင့်လွှတ်လိုက်ခြင်းကြောင့် ရလာမယ့်အကျိုးများ

အပြစ်ဆိုတာ ခွင့်လွတ်ပါတယ်ဆိုပြီး သည်းခံခွင့်လွှတ်လိုက်ရုံနဲ့ အပြစ်လုပ်တဲ့သူကလည်း ကျေသွားတယ်လို့ ယူဆလိုက်တာမျိုး ရှိသလို၊ အပြစ်အကျူးလွန်ခံရသူကလည်း စိတ်ထဲမှာ အညှိုးအတေး မရှိတော့ဘဲ ပြေလည်သွားတာမျိုး ရှိပါတယ်။ ဒါပေမယ့် တစ်ချို့သောသူတွေကတော့ ခွင့်လွှတ်လို့မရတဲ့အပြစ်နဲ့ ခွင့်လွှတ်လို့ရတဲ့ အပြစ်ဆိုပြီး ခွဲပြောတာမျိုး ရှိပါတယ်။ တကယ်လည်း တစ်ချို့အပြစ်တွေဟာ လောက၀တ်တရားအရ ခွင့်လွှတ်လို့ရပေမယ့် … တရားဥပဒေအရ ခွင့်လွှတ်လို့မရတဲ့ အပြစ်တွေ၊ ၀ဋ်ကြွေးအရ ခွင့်လွှတ်လို့ မရတဲ့ အပြစ်တွေ ရှိနေပါသေးတယ်။ သို့သော် အကျူးလွန်ခံရသူရဲ့ ခန္တီတရားအနုအရင့်ပေါ်မူတည်ပြီး အတိုင်းအတာတစ်ခုအထိ ခွင့်လွှတ်နိုင်တာရှိသလို၊ လုံးဝ ခွင့်လွှတ်နိုင်တာမျိုးလည်း ဖြစ်သွားနိုင်တာပါဘဲ။ ဒီတော့ သည်းခံခွင့်လွှတ်လိုက်ခြင်းကြောင့် ရလာမယ့်အကျိုးတွေကို Shwemom ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ဖိအားနဲ့ အလိုမကျမှုကိုတွေကို မဖြစ်စေဘူး

တစ်စုံတစ်ယောက်အပေါ်ကို လုံးလုံးလျှားလျှား ခွင့်လွှတ်လိုက်ပြီဆိုတာနဲ့ ပထမဆုံး သူ့အပြစ်ပေါ်မှာ အလိုမကျတဲ့ ဒေါသတွေ ကင်းစင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုခံစားမှုက စိတ်ကို ငြိမ်းချမ်းစေပြီး ပီတိတရားကို ခံစားရစေပါတယ်။

READ
ကမ္ဘာရဲ့ဘယ်အရပ်မှာမဆိုတွေ့ရဖို့မရှိဘဲ ဂျပန်နိုင်ငံမှာသာတွေ့ရမယ့်ဓလေ့တွေ

(၂) စိတ်ကျခြင်းကို မဖြစ်စေဘူး

အဲဒီလို ခွင့်လွှတ်လိုက်တာနဲ့ ကိုယ်ရဲ့ သဘောထားကြီးမြတ်မှုကို ကိုယ်တိုင် အသိအမှတ်ပြုလိုက်မိမှာပါ။ ငါဟာ စိတ်ဓာတ်အတော်မြင့်မြတ်ပါလား … သူရဲ့အပြစ်ကို ငါ ခွင့်လွှတ်နိုင်ခြင်းဟာ စိတ်ဓာတ်ပြည့်ဝလို့၊ လူပီသလို့-ဆိုပြီး ကိုယ့်ဘာသာ စိတ်အားတက်ကြွမှု ဖြစ်လာမှာပါ။

(၃) နှလုံးကျန်းမာရေးကို ကောင်းစေတယ်

ခွင့်လွှတ်လိုက်ခြင်းကြောင့် စိတ်နှလုံး ချမ်းမြေ့မှုကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါဟာ နှလုံးကို ကျန်းမာရေးကောင်းစေပြီး နှလုံးရောဂါကဲ့သို့သော ရောဂါဆိုးတွေကိုတောင် ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း စိတ်ပညာရှင်တွေက ဆိုပါတယ်။

(၄) ပေါင်းသင်းဆက်ဆံရေးကို ခိုင်မြဲစေတယ်

အနည်းဆုံးတော့ ကိုယ့်ရဲ့ ခွင့်မလွှတ်ခြင်းကြောင့် အပေါင်းအသင်းဆက်ဆံရေးတစ်ခု ပျက်စီးသွားတာထက်စာရင် ကိုယ် သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်လိုက်ခြင်းကြောင့် အပေါင်းအသင်းဆက်ဆံရေးတစ်ခုဟာ ပြိုကွဲခြင်းမရှိဘဲ ခိုင်မြဲနေမှာပါဘဲ။ ဒီလိုသာ အပြန်အလှန် ခွင့်လွှတ်ကြရင်ဖြင့် ကမ္ဘာနဲ့ချီတဲ့ ငြိမ်းချမ်းရေးကိုတောင် မျှော်လင့်လို့ရပါတယ်။

READ
သင် ဒီအပြုအမူတွေလုပ်တဲ့အခါ မိန်းကလေးတွေက သင့်ကို sexy ကျတယ်လို့ ထင်ကြတယ်

(၅) ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်စေတယ်

ခွင့်လွှတ်ခြင်းနဲ့ အဓိပ္ပါယ်တူညီတဲ့ စကားက သည်းခံခြင်းပဲ။ လောကဓံကို သည်းခံရတယ်၊ ရာသီဥတု၊ ပတ်ဝန်းကျင်ကို သီးခံရတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ်ဟာ ဂျပန်မှာ ပင်ပင်ပန်းပန်း စစ်ပညာသင်ပြီး၊ အဲဒီနိုင်ငံရဲ့ ရေမြေရာသီဥတုနဲ့၊ ဖတ်စစ်တို့ရဲ့ စစ်ဖိနပ်ကို သည်းခံခဲ့လို့သာ နောက်ဆုံး အင်္ဂလိပ်နဲ့ ဂျပန်ကို အမြစ်ပါမကျန် တွန်းလှန်နိုင်ခဲ့ပြီး လွတ်လပ်ရေးကို အရယူခဲ့တာ ဖြစ်ပါတယ်။ သည်းခံခြင်းဟာ အောင်မြင်မှုလမ်းစဖြစ်တယ်။ ကိုယ်နဲ့အဆင်မပြေတဲ့ အခြေအနေတစ်ခုကို သည်းခံနိုင်ရမယ်။

နတ်စည်တော် (Shwemom)

SHARE