ဂျင်း(ချင်း)ရေပူပူလေး သောက်ခြင်းအကျိုး

ဂျင်းပြုတ်ရေကို အသောက်သင့်ဆုံးအချိန်ကတော့ မနက်စောစော မနက်စာစာပြီးချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့အချိန်တွေလည်း အစာစာပြီးတိုင်း သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဒါကြောင့် ဂျင်းရေပူပုလေးကို အနည်းဆုံး သုံးကြိမ်လောက် သောက်ပေးသင့်ပါတယ်။ ဂျင်းရေပူပူလေး သောက်ပေးရင် ဘာကောင်းကျိုးတွေ ရနိုင်သလဲဆိုတာကို Shwemom က ဖော်ပြပေးထားပါတယ်။

(၁) အဆီကိုကျစေတယ်

ဂျင်းပြုတ်ရေဟာ အဆီကို ကျဆင်းစေနိုင်ပါတယ်။ အဆီချနေတဲ့သူတွေ တော်တော်များများဟာ သံပုရာရေကသာ အဆီကို ကျဆင်းစေနိုင်တယ်လို့ ထင်နေကြပါတယ်။ အမှန်တော့ ဂျင်းဟာ လူရဲ့ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ သွေးစီးဆင်းမှုကို အထူးကောင်းမွန်စေတဲ့ဓာတ်တွေ သံပုရာရည်ထက်တောင် ပိုလို့ပါဝင်ပါတယ်။

(၂) အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေကို ကင်းဝေးစေတယ်

အစာခြေစနစ်ဟာ လူရဲ့ကျန်းမာရေးကို စီမံခန့်ခွဲပေးတဲ့ ဌာနချုပ်ကြီး ဖြစ်စေပါတယ်။ အစာခြေစနစ် မကောင်းရင်း အဆီပိုတွေ စုစေခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတွင်းကိုလက်စထရော မြင့်မားခြင်းတွေကို ဖြစ်စေပြီး ရောဂါအားလုံးရဲ့ မြစ်ဖျားခံရာ ဖြစ်ပါတယ်။ ဂျင်းရေ ပူပူလေးကိုသာ တစ်နေ့သုံးကြိမ် ပုံမှန်သောက်ပေးပါက အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အပြင် ရောဂါပေါင်းစုံကိုလည်း ကာကွယ်ပေးရာ ရောက်ပါတယ်။

READ
ဝိုင်သောက်သုံးခြင်းဖြင့် သွားနှင့်ခံတွင်းကို အထူးကျန်းမာစေနိုင်

(၃) သာမာန်ဖျားနာခြင်းကို မဖြစ်စေဘူး

ဂျင်းပြုတ်ရေကိုသာ ပုံမှန်သောက်သုံးပေးနေပါက သာမာန် အအေးမိ၊ ဖျားနာ၊ ခေါင်းကိုက် စတဲ့ ရောဂါတွေကို လုံးဝမဖြစ်
စေပါဘူး။

(၄) လိင်ပိုင်ဆိုင်ရာချမ်းသာသုခကို ပြည့်ဝစေတယ်

နောက်တစ်ခုကတော့ ဂျင်းပြုတ်ရေဟာ အိမ်ထောင်သည်တွေအတွက်လည်း အထူးကောင်းမွန်ပါတယ်။ လိင်ပိုင်ဆိုင်ရာ
ပြဿနာရပ်တွေ ရောဂါတွေကို ကောင်းကောင်းကုပေးနိုင်စွမ်း ရှိပြီး အိမ်ထောင်ရေးသုခကိုလည်း ဖြည့်စွမ်းပေးပါတယ်။ ပျားရည်အနည်းငယ်နဲ့ ရောစပ်သောက်သုံးပေးပါ။

(၅) မှတ်ဉာဏ်ဆုံးရှုံးခြင်းနဲ့ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးတယ်

ဂျင်းရေပူပူလေးရဲ့ အကောင်းဆုံးစွမ်းဆောင်မှုကတော့ ကင်ဆာရောဂါအမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးတာပါဘဲ။ တစ်ခြားဘေးထွက်ဆိုးကျိုးလည်ူ လုံးဝမရှိလို့ ပုံမှန်သောက်ပေးသင့်ပါတယ်။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ မှတ်ဉာဏ်ဆုံးရှုံးတဲ့ရောဂါကိုလည်း ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။

လင်းဇော်ကို (Shwemom)

READ
ကိုရိုနာဗိုင်းရပ်စ်နဲ့ ၄င်းရဲ့ လူသားတွေထံ ကူးစက်ပြန့်ပွားနိုင်ပုံအကြောင်း

sm

SHARE