မျက်နှာ ၊ အသားအရေ ကောင်းချင်သူတွေ သိထားသင့်တဲ့ သံပရာသီးအကြောင်း

အချဉ်ဓာတ်ပါတဲ့ အသီးတွေ ဖြစ်တဲ့ သံပရာသီး ၊ သံပရိုသီး တို့က မျက်နှာအသားအရေအတွက် ကောင်းစေတဲ့ အိမ်သုံးပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါကြောင့် သံပရာသီးကို အလှကုန်ပစ္စည်းတွေမှာ ပါဝင်ပစ္စည်းအဖြစ် ထည့်သုံးကြတာပါ။ သံပရာသီးကတော့ ဒီအသားအရေပြသနာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၁) ၀က်ခြံတွေကို ကုသနိုင်တယ် 

ဝက်ခြံဆိုတာက အညစ်ကြေးတွေ ၊ အဆီတွေ ၊ ဆဲလ်သေတွေက ချွေးပေါက်တွေကို ကပိတ်သွားရင် ဖြစ်လာတတ်တယ်။ အဆီပြန်သမားတွေမှာ ၀က်ခြံပြသနာဖြစ်တယ်။ သံပရာသီးကတော့ အဆီပြန်တာတွေကို ထိန်းပေးပါတယ်။ ဒါကြောင့် သင့်ရဲ့ မျက်နှာမှာ ၀က်ခြံတွေကို ပျောက်ကင်းစေချင်ရင် သံပရာသီးကိုသုံးပြီး မျက်နှာ ပေါင်းတင်ပေးပါနော်။ ၀က်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သံပရာသီးနဲ့ ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းစေမှာပါ။

(၂) အရေးအကြောင်းတွေအတွက်ကောင်းစေတယ် 

နေရောင်ကြောင်း အရေးအကြောင်းဖြစ်တာတွေကို ပြန်လည်ကောင်းမွန်လာစေနိုင်တယ်။ သံပရာသီးက အမည်းစက်တွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပြီး အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အသားအရေပြသနာတွေကိုလည်း လျော့နည်းသွားစေတယ်။ သံပရာသီးခွံနဲ့ မျက်နှာကို ပွတ်ပေးတာက အသားအရောင် မညီတာတွေကို လျော့နည်းသွားစေနိုင်တယ်။

READ
မလိုချင်တဲ့ မှဲ့တွေ၊ အသားပိုတွေကို ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းများ

(၃) ချွေးပေါက်ကျယ်တာတွေ ကုသပေးနိုင်တယ် 

သံပရာသီးကို skincare နဲ့ အလှကုန်ပစ္စည်းတွေမှာ ပါဝင်ပစ္စည်းတစ်မျိုးအဖြစ် ထည့်သုံးကြတယ်။ သံပရာသီးမှာ ပါတဲ့ ဓာတ်က ချွေးပေါက်ကျယ်တာတွေကို ကျဉ်းသွားစေပြီး အဆီပြန်တာတွေကိုလည်း လျော့နည်းသွားစေတဲ့အပြင် သင့်မျက်နှာအသားအရေက စိုပြေ ၊ ၀င်းပလာမှာပါ။

(၄) ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်တယ်

သံပရာသီးမှာပါတဲ့ အချဉ်ဓာတ် (citric acid) တို့က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တယ်။ ဒါကြောင့်သံပရာသီးကို အလှကုန်ပစ္စည်းတွေမှာ ထည့်သုံးတာပဲဖြစ်သလို့ အိမ်မှာနေရင်းလည်း သဘာဝကုထုံးအဖြစ် မျက်နှာအသားအရေကို ကုပေးလို့ရပါတယ်။

source : stylecraze

Hannwe Soe (Shwemom)
SHARE