ခေါင်းအုံး မပါပဲ အိပ်ခြင်းကြောင့် ရလာနိုင်မယ့် အကျိုးကျေးဇူးများ

Image:freepik.com/goffkein/pressmaster

ခေါင်းအုံးကလည်း လူတစ်ယောက်ရဲ့ အိပ်စက်မှု မှာ အရေး ပါပါတယ်။တစ်ချို့က ခေါင်းအုံး အပြောင်းအလဲ လုပ်ရင် အိပ် မပျော် တတ်တဲ့ လူ တွေလည်း ရှိပါတယ်။ခေါင်းအုံ နိမ့်မှ အုံးတတ်တဲ့ သူ၊နိမ့်မှ အုံးတတ်တဲ့ သူတွေ လည်း ရှိပါတယ်။ခေါင်း အုံးမ ပါပဲ အိပ်ကြည့်ရင် ရော..?ကျန်းမာရေးအ တွက် ဘယ်လို ကောင်းကျိုး တွေ ရ နိုင်လဲ ဆိုတာကိုတော့ Brightside မှာ အခုလို ဖော်ပြထားပါတယ်။

ခါးနာ သက်သာ

Image:freepik.com/jcomp

ခါး ရောဂါ ရှိတဲ့ လူတွေနဲ့ ခါးနာတတ်တဲ့ လူမျိုးတွေ က ခေါင်း အုံး မြင့်မြင့် အုံး လို့ မရပါဘူး။ခေါင်း အုံးကို နိမ့် တာ၊သက် သောင့် သက်သာရှိတာ မျိုးတွေ ကို ရွေးချယ် ပေးရပါတယ်။ခေါင်းအုံး မပါပဲ အိပ်ရင် တော့ ခါးနာ သက်သာ တဲ့ အကျိုး ကျေးဇူး ရပါတယ်။ဒါပေမယ့် ခါး နာရောဂါ အရှင်း ပျောက် သွားတာ မျိုး လုံးဝ မဟုတ်ပါဘူး။နာကျင်မှုကို ခဏ လောက် သက်သာ စေတာပါ။ခါးရောဂါ ရှိတဲ့ သူဆိုရင် ခန္ဓာကိုယ်ကို သဘာဝ အနေ အထား(ဘာမှ ခုတာ ခံတာ မရှိပဲ)လဲ လျောင်း ပြီး ကျောရိုးကို အနားပေးသင့်ပါတယ်။

READ
နှုတ်ခမ်းတွေက ပြောတဲ့ အမျိုးသမီးတွေရဲ့ စိတ်နေစိတ်ထား

လည်ပင်းနာ သက်သာ

လည်ပင်းနာ၊ဇက်နာ တတ်တဲ့ လူမျိုးဆိုရင်လည်း ခေါင်း အုံးမပါပဲ အနားယူ ကြည့်ပါ။ခေါင်းအုံးကြောင့် ဇက်နာ ၊လည်ပင်းနာတာ မျိုးတွေ လည်း ရှိတတ် ပါတယ်။ဒါ ကြောင့် လည်ပင်းနာ ၊ဇက်နာ သက်သာချင်ရင် ခေါင်း အုံးမပါပဲ အိပ်ကြည့်ပါ။ကိုယ်က ခေါင်းအုံး မပါပဲ မအိပ်တတ်ဘူးဆိုရင် တော့ ခေါင်းအုံး အနိမ့်၊မာ မနေပဲ သက်သောင့် သက်သာ ရှိတဲ့ ခေါင်းအုံးနဲ့ အိပ်ကြည့်ပါ။

ခေါင်းကိုက် သက်သာစေ

Image:freepik.com/user19388400

ခေါင်းကိုက် ဝေဒနာ ခံစားနေရတယ်ဆိုရင် တော့ ခဏ လောက်ပဲ ဖြစ်ဖြစ် ခေါင်းအုံး မပါပဲ အိပ် ကြည့်ပါ။ခေါင်းကိုက်တာ၊ခေါင်း ကြော တင်းတာ မျိုးတွေ ဖြစ် နေမယ် ဆိုရင် ဒါ ဟာ ကိုယ်အုံးနေတဲ့ေ ခါင်းအုံး ကြောင့်လည်း ဖြစ်နိုင်ပါတယ်။လည်ပင်းကြွက်သားတွေ မှာ တင်းမာ မှုတွေ ဖြစ်ပြီး ခေါင်းကိုသွား ထိ ခိုက် စေတာပါ။

စိတ်ဖိစီးမှုတွေ ကို သက်သာစေ

Image:freepik.com/panumasyanuthai

ခေါင်းအုံးနဲ့ အိပ်စက် ခြင်းက စိတ်ဖိစီးမှုတွေကို လည်း သက်သာ စေပါတယ်။လူက အရမ်းစိတ်ဖိစီးပင်ပန်းလာရင် ခေါင်းအုံး မပါပဲ အိပ် ကြည့်ပါ။ဒီလို အိပ်တာက အဆင် ပြေ ရင်တော့ သက်သောင့်သက်သာ ရှိနေရင် တော့ အိပ် စက်တဲ့ နေရာမှာ ပိုပြီး အကျိုး ထူးစေမှာပါ။ကောင်းကောင်း မအိပ် စက်နိုင်ဘူးဆိုရင် လူတစ်ယောက်ရဲ့ တွေးခေါ် မှု စွမ်းရည်၊စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းတွေကို ပို ထွက် စေပါတယ်။

READ
မိသားစုထဲမှာ အငယ်ဆုံးတွေဟာ အပျော်တတ်ဆုံးသူတွေဖြစ်ကြောင်း သိရ

ဝက်ခြံနဲ့ ဆံပင်

Image:freepik.com/karlyukav

ခေါင်းအုံး မသန့် တာပဲ ဖြစ်ဖြစ်၊ခေါင်းအုံးလုပ်ထားတဲ့ အသားက ကိုယ်နဲ့ မတည့်ရင်ပဲ ဖြစ်ဖြစ် မျက်နှာ ကို ၀က်ခြံ ထွက် စေပါတယ်။ဒါကြောင့် ခေါင်း အုံး မပါပဲ အိပ် စက် ကြည့်မယ်ဆိုရင်တော့ ဒီပြဿနာကို ဖြေရှင်း ပြီးသား ဖြစ်သွားမှာပါ။ခေါင်းအုံးက အဆီနဲ့ အညစ် အကြေး တွေ စု နေ တဲ့ နေရာပါ။ဒါကြောင့်လည်း ခေါင်းအုံးစွပ်ကို အနည်းဆုံး တစ် ပတ် ခါ လျှော်ခိုင်းကြတာပါ။ခေါင်းအုံး မပါပဲ အိပ်တာ က ဆံပင် အတွက်လည်း ကောင်းပါတယ်။ဆံပင် နဲ့ ခေါင်း အုံးစွပ် တို့ ပွတ် တိုက်တာ ငြိ တာ မျိုးတွေ လည်း မရှိ စေပါတယ်။ခေါင်း အုံး က ကြာကြာအုံးရင် ဆံပင်ရဲ့ အဆီ တွေကို စုပ်ယူ နိုင်ပါတယ်။

#SHWEMOM

SHARE