ဂိမ်းလောကအကြောင်း တင်ဆက်တာတွေထဲက အကောင်းဆုံး မှတ်တမ်းပြုစုမှုများ

အခုဆို eSport လောက တစ်စတစ်စ အောင်မြင်လာတာနဲ့ အမျှ ဈေးကွက်ဟာလည်း တဖြည်းဖြည်းကြီးမားလာနေပါတယ်။ ကမ္ဘာအရပ်ရပ်မှာလည်း သန်နဲ့ချီပြီး ဆုကြေးငွေတွေပေးတဲ့ ပြိုင်ပွဲတွေလည်း အစဉ်မပြတ်ကျင်းပနေပါတယ်။ ဒီလောက် အောင်မြင်လာတဲ့ ဂိမ်းလောကမှာလည်း ပေးဆပ်၊ စွန့်လွှတ်ခဲ့ရတာတွေရှိပါတယ်။ ကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားပြီး သန်ကြွယ် ဂိမ်းမာတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။

ဒီလိုမျိုး ဂိမ်းလောကထဲမှာ စွန့်စားမှု ပြုခဲ့ကြသူတွေရဲ့ အားထုတ်ပုံတွေ၊ ပြောင်းလဲပုံတွေ၊ အတက်အကျတွေကို မှတ်တမ်းတင်ပြုစုမှုတွေအား စေ့ဆော်မှုကောင်းတွေရရှိစေဖို့ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

KING OF CHINATOWN

ဒါက ပထမဆုံး eSports ရဲ့ အောင်မြင်ကျော်ကြားမှု ဘ၀တွေကိုဖော်ပြတဲ့ ပထမဆုံး မှတ်တမ်းမှုတစ်ခုဖြစ်ပါတယ်။ မှတ်တမ်းဗီဒီယိုထဲက ပရော်ဖက်ရှင်နယ် ဂိမ်းမာက Justin Wong ဖြစ်ပြီး Street Fighter IV မှာ နည်းပရိယာယ်ကြွယ်ဝသူဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေတုန်းက ထွက်ခဲ့တဲ့ Street Fighter ကို အုအချိန်ထိ ရူးရူးမူးမူး ကစားခဲ့သူတို့ ကြည့်သင့်တဲ့ ဗီဒီယိုတစ်ခုဖြစ်ပါတယ်။

FREE TO PLAY

ပရော်ဖက်ရှင်နယ် ဂိမ်းမာ ၃ ယောက်ရဲ့ ဂိမ်းအပေါ်စူးစိုက်မှုတွေကို ပြသတဲ့ မှတ်တမ်းတင်ဗီဒီယိုတစ်ခုဖြစ်တယ်။ Benedict Lim, Danil Ishutin နဲ့ Clinton Loomis တို့နဲ့ ၄င်းတို့ရဲ့ အင်တာနေရှင်နယ် Dota 2 ပြိုင်ပွဲဆီ ပထမဆုံး လျှောက်လှမ်းပုံတွေကို ဖော်ပြထားပါတယ်။ Valve Corporation ကရိုက်ကူးပြီး ဒီနေ့ခေတ်ရဲ့ eSports ပလေတစ်ယောက်ဖြစ်လာဖို့ ပေးဆပ်မှုတွေ၊ ဖိအားတွေကို အရိုးသားဆုံး ပုံဖော်ထားတာဖြစ်ပါတယ်။ Dota-2 အကြောင်း လူစိတ်ဝင်စားမှု ပိုများစေခဲ့တာ Free To Play ကြောင့်ဆိုရင်လည်း မမှားပါဘူး။

READ
Candy Crush ဂိမ်းရဲ့ သင်မသိသေးတဲ့ အံ့သြဖွယ်ရာ အချက်အလက်များ

THE CELEBRITY MILLIONAIRES OF COMPETITIVE GAMING

Vice ရဲ့ တင်ဆက်သူ Matt Shea တစ်ယောက် eSports အကြီးအကျယ် ဖြစ်ထွန်းနေတဲ့ တောင်ကိုရီးယာနိုင်ငံဆီ အလည်အပတ်ခရီးထွက်လာတဲ့ မှတ်တမ်းတင်ဗီဒီယိုဖြစ်ပါတယ်။ ဂိမ်းလောက အားကြီးလာပုံတွေ၊ စိတ်ဆန္ဒ ထက်သန်မှုတွေနဲ့ အကောင်းဆုံးဖြစ်လာတာနဲ့ အအောင်မြင်ဆုံးဖြစ်လာတာတွေကို သုံးသပ်ပြထားတာဖြစ်ပါတယ်။

ALL WORK ALL PLAY

ပရော်ဖက်ရှင်နယ် ဂိမ်းမာတစ်ယောက်ဖြစ်ဖို့အတွက် ကြည့်သင့်တဲ့ မှတ်တမ်းပြု ဗီဒီယိုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဂိမ်းလောကမှာ ဆရာတစ်ဆူဖြစ်ဖို့ တစ်ဦးချင်းစီမှာ လိုအပ်တဲ့ လိုအပ်ချက်တွေကို ဖော်ပြထားတယ်။ ဂိမ်းမာတိုင်း တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ပလေယာတစ်ယောက်ဖြစ်လာဖို့ ကြိုးစားပုံတွေက အစ ဖော်ပြထားပါတယ်။

READ
Cheaters ပေါင်း(၂)သန်းကျော်ကို တစ်ပတ်အတွင်း Banned ခဲ့တဲ့ PUBG

 

ESPORTS SUPERSTARS

ဒါကတော့ စီးပွားရေး ပညာရှင်တစ်ယောက်ရဲ့ အရိုးသားဆုံ မှတ်တမ်းပြုစုမှုတစ်ခုဖြစ်ပါတယ်။ အငြင်ပွားဖွယ်ရာ မေးခွန်တွေကိုလည်း မေးမြန်းထားတယ်။ ဒီ မှတ်တမ်းဗီဒီယိုဟာ ပရော်ဖက်ရှင် ဂိမ်းအဖွဲ့ Could 9 ရဲ့ လုပ်ဆောင်ပုံတွေအပေါ်စူးစိုက်ထားပြီး၊ ၄င်းတို့ရဲ့ Dota 2 လောကထဲ စွန့်စားပုံတွေကို ဖော်ပြထားပါတယ်။

 

LEAGUE OF MILLIONS

League of Legends ဟာ အကြီးမားဆုံးသော eSports တစ်ခုဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ  ၁.၇ သန်းကျော်ရှာနိုင်တဲ့ ပထမဆုံး eSport ပြိုင်ပွဲတစ်ခုဖြစ်လာတယ်။ The League of Legends World Championship နဲ့လည်း ပရိတ်သတ် ၁၄.၇ သန်း ရရှိခဲ့တယ်။ ဒီ မှတ်တမ်းဗီဒီယိုမှာတော့ Team Liquid ရဲ့ ၂၀၁၅ World Championship ကို အနိုင်ရအောင် တိုက်ပွဲဝင်ပုံတွေအပေါ် စူးစိုက်ရိုက်ပြထားပါတယ်။

Matthew (ShweMOM)

SHARE