(၁) Lucerne
ဆွစ်ဇာလန်မှာ ဂျာမန်စကားသီးသန့်ပြောတဲ့ နေရာဖြစ်ပါတယ်။ ရေကန်တွေ၊ တောတောင်တွေနဲ့အတူ ကမ္ဘာကျော် Chapel Bridge နဲ့ Water Tower တို့ရဲ့အလှကိုပါ ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် ကျောက်ထွင်းရုပ်တုကြီးဖြစ်တဲ့ Dying Lion ကိုပါ လေ့လာခွင့်ရရှိမှာ ဖြစ်ပြီး အဆိုပါ ကျောက်ထွင်းရုပ်တုဟာ 1792 ခုနှစ်က ပြင်သစ်မှာ ကျဆုံးခဲ့တဲ့ စစ်သားတွေကို ရည်ညွှန်းပြီး 1820–21 ခုနှစ်မှာ ထုလုပ်ခဲ့တာ ဖြစ်ပါတယ်။
(၂) Lake Geneva
ဂျီနီဗာရေကန်ကြီးဟာ ဥရောပရဲ့ အကြီးဆုံးရေကန်ကြီး ဖြစ်ပါတယ်။ Rhone မြစ်နဲ့ တစ်စပ်တည်းမှာတည်ရှိပြီး ဆွစ်ဇာလန်နဲ့ ပြင်သစ်ကို ပိုင်ခြားပေးထားတဲ့ နေရာ ဖြစ်ပါတယ်။ ရွက်လွင့်ခြင်း၊ စပိဘုတ်စီးခြင်းအပြင် ရေကန်ကြီးမှာ ၀န်းရံနေတဲ့
တောင်တွေကိုလည်း ရေမြေသဘာဝ ခံစားရင်း တက်ရောက်လေ့လာနိုင်ပါတယ်။
(၃) Lugano
Lugano မြို့ဟာ Lugano ရေကန်ဘေးမှာ တည်ရှိပြီး လှပအေးချမ်းတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ အီတလီစကားပြောတဲ့ နယ်မြေဖြစ်ပြီး ဆွစ်ဇာလန်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပေါင်းစုရာ နေရာလို့ တင်စားကြပါတယ်။ ကမ္ဘာကျော်တွေ
ရဲ့ စိတ်အပန်းဖြေရာ နေရာဖြစ်ပြီး ရာသီဥတုမျှတမှုကြောင့် နှစ်စဉ် ခရီးသွားပေါင်း သန်းချီဝင်ထွက်ရာ နေရာလည်း ဖြစ်ပါတယ်။
(၄) Zurich
ဆွစ်ဇာလန်နိုင်ငံရဲ့မြို့တော် ဇူးရစ်မှာတော့ အထိမ်းအမှတ်ပေါင်း 50 ကျော်၊ ပြတိုက်ပြခန်းပေါင်း 100 ကျော်တည်ရှိပါ
တယ်။ ဇူးရစ်ရေကန်ကြီးရဲ့ အလှ၊ ပြတိုက်တွေ၊ ဇာတ်ရုံတွေ၊ စိတ်လှုပ်ရှားဖွယ်ရာ ခရီးအစဉ်တွေ ပြည့်နှက်နေပြီး နေရပ်ကို မပြန်ချင်အောင် စွဲဆောင်ပါလိမ့်မယ်။
(၅) Interlaken
သန်ရှင်းတဲ့ လေထုကို ရှုရိုက်ဖို့နဲ့ သဘာဝအတိုင်း နေထိုင်စားသောက်နိုင်မယ့် ၀န်ဆောင်မှုတွေ ရှိတဲ့ဆီကတော့ Interlaken တောင်ပေါ်ခရီးစဉ်ဖြစ်ပါတယ်။ တည်းခိုဆောင်တွေ၊ ရေကန်တွေ၊ ရေတံခွန်တွေ၊ တောင်ပေါ်အပန်းဖြေစခန်းတွေ၊ Hang Gliding လို့ ခေါ်တဲ့ သည်းထိပ်ဖွယ် ကစားနည်းတွေ ပြည့်စုံတဲ့ နေရာဖြစ်ပါတယ်။ Interlaken ဟာ ရှေးယ
ခင် နှစ်ပေါင်း 1800 လောက်ကတည်းက လူတွေ သွားရောက်အပန်းဖြေကြတဲ့ နေရာလို့ သိရပါတယ်။
နတ်စည်တော် (Shwemom)