(၃)ပတ်အတွင်း ဒီအသားအရေ (၃)မျိုးကို ဖြေရှင်းပေးနိုင်မယ့် အာလူး

အာလူးမှာ ဗီတာမင် C ၊ B1 ၊ B3 ၊ B6 နဲ့ သတ္တုဓာတ်တွေဖြစ်ကြတဲ့ magnesium ၊ potassium ၊ phosphorus တို့ပါဝင်ပါတယ်။ ဒါကြောင့်လည်း အာလူးက ကျန်းမာရေးအတွက်ကောင်းစေတာပါ။ ကျန်းမာရေးအပြင် မျက်နှာ အသားအရေကိုပါကောင်းစေပါတယ်။

(၁) အဆီပြန်အသားအရေအတွက် 

အာလူးနဲ့ oatmeal တို့က သင့်အသားအရေပေါ်မှာ ရှိနေတဲ့ အဆီတွေကို စုတ်ယူပေးနိုင်ပြီး အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ Oatmeal က အသားအရေကို စိုပြေစေပြီး sebum ကိုလည်း လျော့နည်းသွားစေနိုင်တယ်။ အာလူး (၃)လုံးကို ပြုတ်ထားပြီး အခွံနွှာထားပါ။ နွားနို့ (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ Oatmeal (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ သံပယိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) တို့လိုအပ်တယ်။

  • ဇလုံထဲမှာ အာလူးကို ချေလိုက်ပြီး ပါဝင်ပစ္စည်းအားလုံးကိုရောပေးပါ။
  • ပျစ်ပျစ်လေးဖြစ်အောင် ကောင်းကောင်းရောမွေပေးပါ။
  • မျက်နှာပေါ်ကို လိမ်းပေးပြီး မိနစ်(၃၀)လောက်ထားပေးပါ။
  • ရေနွေးနွေးလေးနဲ့မျက်နှာသစ်ပေးပါ။
READ
နူတ်ခမ်းနီ အနီရောင်ကို “Concealer” အဖြစ်သုံးနိုင်မယ့် လျှိုဝှက်နည်း

(၂) ၀က်ခြံအသားအရေအတွက် 

ခရမ်းချဉ်သီး နဲ့ အာလူးတို့က antioxidants ဓာတ်ကြွယ်ဝတာကြောင့် သင့်အသားအရေမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေ ၊ ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တယ်။ ဒါ့အပြင် ချွေးပေါက်ကြားက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ အာလူး (၁)လုံးကို အရည်ညှစ်ထုတ်လိုက်ပါ။ ခရမ်းချဉ်သီး (၁)လုံးကို အရည်ညှစ်ထုတ်ပေးပါ။ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ပါဝင်ပါမယ်။

  • ခရမ်းချဉ်သီးရည် နဲ့ အာလူးရည် တို့ကိုရောပေးပါ။
  • အရောထဲကို ပျားရည်ထည့်ပေးပြီး ပျစ်ပျစ်လေးဖြစ်အောင် ရောပေးပါ။
  • မျက်နှာကို လိမ်းပေးပြီး လိုအပ်တဲ့နေရာကို ပိုလိမ်းပေးပါ။

(၃) အရေးအကြောင်းရှိနေတဲ့ အသားအရေအတွက် 

အလှဆီ (Glycerin) က အသားအရေကို စိုပြေစေပြီး အာလူးက အရေးအကြောင်းတွေကို သက်သာစေနိုင်တယ်။ မျက်ကွင်းညိုတာတွေကို ပျောက်ကင်းစေပြီး အသားအရေကို ပြန်ကောင်းလာစေပါတယ်။ အာလူး (၁)လုံး ကိုခြစ်ထားပေးပါ။ နွားနို့စိမ်း (စားပွဲတင်ဇွန်း ၂ ဇွန်း) နဲ့ အလှဆီ (Glycerin) (၃-၄)စက် တို့ပါဝင်မယ်။

  • ပါဝင်ပစ္စည်းတွေအားလုံးကို ရောပေးပြီး မျက်နှာ (အရေးအကြောင်းနေရာတွေ) ကိုလိမ်းပေးပါ။
  • (၁၅)မိနစ်လောက် ထားပေးပြီး အခြောက်ခံပေးပါ။
  • မျက်နှာသစ်ပေးပါ။
READ
ဆံပင်ရှည်ထားချင်စိတ်တွေ ပေါက်လာမယ့် ဆံပင်ထုံးဖွဲ့နည်း (၇)မျိုး

source : stylecraze

Hannwe Soe (Shwemom)
SHARE