Disney နဲ့ ဒေါ်လာသန်း(၁၀၀)တန် စာချုပ် ချုပ်ဆိုလိုက်တဲ့ Beyonce

Image:IG/ Beyonce

Beyonce ကတော့ Disney နဲ့ စာချုပ် ချုပ်ဆို လိုက်တယ်လို့ DailyMail ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြ ထား ပါ တယ်။အဆိုပိုင်းမှာဆိုရင် အရမ်းကို Perfect ဖြစ်လွန်းတဲ့ Beyonce က တော့ Disney  ရဲ့ ဇာတ်ဝင် သီ ချင်း တွေ မှာ ပါဝင် သီဆို၊နောက်ခံ အသံ နဲ့ ပါဝင် ပေးလာသူပါ။သူမက တော့ (၂၀၁၉)ခုနှစ် တုန်းက The Lion King  ဇာတ်ကား မှာ Beyonce ပါဝင်ထားပါတယ်။Crazy In Love ၊ Single Ladies သီချင်းတွေနဲ့ နာမည်ကြီး တဲ့ အဆိုတော် Beyonce ကတော့ Disney နဲ့  အ မေရိကန် ဒေါ်လာ သန်း (၁၀၀) တန် စာချုပ် ချုပ် လိုက် တယ်လို့ ဇွန်လ (၉) ရက်နေ့ မှာ သတင်းထွက်ပေါ် ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Beyoncé (@beyonce) on

Disney နဲ့ ပ ရောဂျက် အသစ် (၃)ခု ထပ်ပြီး လက်တွဲ လုပ် သွားမှာပါ။ပထမ ပ ရော ဂျက် ကတော့ Black Pan ther 2 ရဲ့ ဇာတ်ဝင် သီချင်း ကို သီဆို ပေးဖို့ ပါ။ (၂၀၂၁) လောက်မှာ ထွက် ရှိ မယ်လို့ မျှော်လင့် ရပါတယ်။Disney ကတော့ Black Panther နောက်ဆက်တွဲ ဇာတ်လမ်း အပြင် တခြား ပ ရောဂျက် တွေ အတွက် ပါ Beyonce ကို  စိတ် ချ ရ အောင် အခုတည်းက စာချုပ် ချုပ် ခဲ့တာလို့ အတွင်းလူတွေက ပြောပါတယ်။Beyonce က တော့Dsiney ဇာတ်ကားတွေမှာ အဓိက ကျ တဲ့ လူတစ်ယောက် ပါ။ဇာတ်ဝင်သီချင်းဆိုရင်လည်း ဇာတ်ကားနဲ့ ကွက်တိ ကျ အောင် သီဆို တင်ဆက်ပေးနိုင်သူပါ။The Lion King မှာဆိုရင်လည်း သူမက Nala  နေရာ က နေ အသံ နဲ့ ပါဝင် ပေးခဲ့ သူပါ။

READ
'Chromatica' အယ်ဘမ်ကို ဖြန့်ချီသူတွေထံ ကိုယ်တိုင် ပို့ပေးခဲ့တဲ့ Lady Gaga
Image:IG/ Beyonce

Disney Plus မှာ နောက်လာမယ့် documentary အသစ်တွေ မှာလည်း Beyonce  ပါဝင် သွားနိုင် ဖို့  ဆွေး နွေး ညှိနှိုင်းတာတွေ လည်း လုပ် နေ ပါတယ်။ဗြိတိန် တော်ဝင် မိသားစုဝင် Meghan Markle အသံ နဲ့ ပါဝင် ပေးထားတဲ့  Elephant ဆိုတဲ့ documentary အရမ်း အောင်မြင်ခဲ့ပြီး နောက်မှာတော့ Beyonce နဲ့ နောက်ထပ် ပ ရောဂျက် သစ် တွေ လုပ်ဖို့ စီစဉ် နေတာပါ။ဆွေးနွေးမှုတွေ က တော့ အခုထိ လုပ် ဆောင်နေစဲ ဖြစ်ပြီး နောက်ဆုံး အဆင့် ကို ရောက် နေပါပြီ။

READ
It’s Okay to Not Be Okay ထဲမှာ သူမ၀တ်ဆင်ခဲ့တဲ့ ကမ္ဘာကျော် Brand များ
Image:IG/ Beyonce

Beyonce နဲ့ Disney ကတော့ (၂၀၀၇) လောက်မှာ စပြီး လက်တွဲ ခဲ့တာပါ။Disney Dream Portrait series ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ Alice In Wonderland မှာ  ပါဝင်ခဲ့တာပါ။Jay -Z နဲ့ လက် မထပ် ခင် တုန်းကလည်း Austin Power In Goldmember (2002)မှာ ပါဝင် ပေးခဲ့ဖူးပါတယ်။(၂၀၀၆)မှာတော့ The Pink Panther and Dreamgirls ၊ (၂၀၀၈)မှာတော့ Cadillac Records ၊The Lion King မှာတော့ Nala  အဖြစ် အသံနဲ့ ပါဝင် ပေးခဲ့ဖူးပါတယ်။

 

View this post on Instagram

 

Shawn Carter Foundation Gala

A post shared by Beyoncé (@beyonce) on

#SHWEMOM

SHARE