စည်းကမ်းမဲ့ လမ်းပေါ် အမှိုက်ပစ်သူကို မခံချိမခံသာဖြစ်အောင် ပညာပြခဲ့တဲ့ ဆိုင်ကယ်သမား

လူအများစုဟာ လစ်ရင်လစ်သလို စည်းကမ်းချိုးဖောက်ကြလေ့ ရှိပါတယ်။ အမှိုက်မပစ်ရဘူး၊ ကွမ်းတံတွေးမထွေးရဘူးလို့ ဆိုကာမှ အရွဲ့တိုက်ပြီး လုပ်ကြသူတွေလည်း ရှိပါတယ်။ အချို့ နိုင်ငံကြီးသားပီသတဲ့ စိတ်ဓာတ်ကောင်းရှိသူတွေကတော့ ကိုယ်ကိုတိုင်လည်း စည်းမဲ့ကမ်းမဲ့မနေ၊ စည်းကမ်းမဲ့ အမှိုက်ပစ်တတ်သူတွေ တွေ့ရင်လည်း နိုင်သလောက် ပညာပြန်ပေးတာတွေကို တွေ့ရပါတယ်။

အောက်မှာ တွေ့ရမယ့် အဖြစ်အပျက်လေးကိုတော့ ကားဗီဒီယိုတစ်ခုကနေ ရိုက်ကူးထားတာပါ။ ဗီဒီယိုထဲမှာတော့ ကားတစ်စီးပေါ်က အမျိုးသမီးတစ်ယောက်ဟာ စက္ကူခွက်တစ်ခွက်နဲ့ အိတ်တစ်အိတ်ကို ပြတင်းပေါက်ကနေ လမ်းလယ်ဆီ ပစ်ချလိုက်တာကို တွေ့ရပါတယ်။ ထိုအချိန်က မီးပွိုင့်မိနေတဲ့ အချိန်ပါ။

AsiaWire

သူမရဲ့ နံဘေးမှာတော့ လူတစ်ယောက်ဟာ မော်တော်ဆိုင်ကယ် စီးလာပါတယ်။ ကားထဲက အမျိုးသမီးပစ်ချလိုက်တဲ့ အမှိုက်တွေကို အဆိုပါ ဆိုင်ကယ်သမားဟာ ကောက်ယူလိုက်ပြီး ကားထဲကို ပြန်ထည့်ပေးလိုက်ပါတယ်။ ဆိုင်ကယ်သမားရဲ့ မယုံကြည်နိုင်စရာ အပြုအမူဟာ ကားထဲက အမျိုးသမီးကို ဒေါသထွက်စေခဲ့တာ အမှန်ပါ။ ထိုအမျိုးသမီးက ဆိုင်ကယ်သမားကို ဒေါသတကြီး လက်ညှိုးထိုးပြီး ရန်တွေ့ဖို့ ကားထဲက ထွက်မလို့ ပြင်လိုက်တဲ့အခါမှာတော့ ဆိုင်ကယ်သမားလေးဟာ မောင်းထွက်သွားခဲ့ပါပြီ။

READ
နှင်းတောထဲ အမြီးတွေခဲနေတဲ့ ကြောင်လေးတွေကို ကော်ဖီပူပူနဲ့ ကယ်ပေးခဲ့တဲ့ အမျိုးသား

Credit Donkey ရဲ့ အဆိုအရ နှစ်စဉ်တွေ့ရတဲ့ အမှိုက်စုစုပေါင်းရဲ့ (၅၃) ရာခိုင်နှုန်းဟာ ယာဉ်မောင်းသမားတွေဆီက ရတာပါလို့ ဆိုပါတယ်။ အမှိုက်တွေရဲ့ (၂၂) ရာခိုင်နှုန်းကတော့ စာရွက်စက္ကူတွေဖြစ်ပါတယ်။

AsiaWire

အခုတလောမှာတော့ ယာဉ်မောင်းသမားတွေဟာ အမှိုက်ပစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အတော်လေး အရေးတယူရှိလာတာကို တွေ့လာရပါတယ်။ မကြာသေးခင်ကလည်း ရုရှားမော်တော်ဆိုင်ကယ်သမားတစ်ဦးဟာ မက်ဒေါ်နယ်ဘာဂါဆိုင်က ခွက်တစ်လုံးကို လမ်းလယ်မှာ အမှိုက်ချသွားခဲ့တဲ့ ကားပိုင်ရှင်တွေဆီ လိုက်ပြီး အမှိုက်ပြန်ပေးခဲ့ပါတယ်။ သူပြန်ပေးပုံကတော့ ခွက်ကို ကားလေကာမှန်ရဲ့ ၀ိုက်ပါတွေပေါ်မှာညှပ်ပြီး တင်ပေးထားခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်စိရှေ့မှာ စည်းကမ်းမဲ့ အမှိုက်ပစ်နေတာကို တွေ့ပါရက်နဲ့ လျစ်လျူမရှုပဲ အမှိုက်ပစ်သူကို ပညာပြန်ပေးခဲ့နိုင်သူများရဲ့ စိတ်ဓာတ်ကတော့ လေးစားဖွယ်ရာပါပဲ။

လင်းလင်း (ShweMom)

Ref: Unilad

SHARE