ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း BILLBOARD TOP-10 ဝင် နိုင်ငံတကာသီချင်းကောင်းများ

နိုင်ငံတကာသီချင်းတွေကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း BILLBOARD TOP TEN ဝင် နိုင်ငံတကာ သီချင်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို အကြိုက်ဆုံးလဲ ပရိသတ်ကြီးရေ။ နံပါတ် ၁၀ ကနေစပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။

10. Mo Bamba

ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၁၁ နေရာမှာ ရှိနေခဲ့တာဖြစ်ပြီး ဒီအပတ်မှာတော့ နံပါတ် ၁၀ နေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။ သီဆိုသူကတော့ Sheck Wes ဖြစ်ပါတယ်။

9.Drip Too Hard

ဒီသီချင်းကတော့ Billboard top ten ထဲမှာ ရှိနေခဲ့တာ တော်တ်ာလေးကြာပြီဖြစ်ပါတယ်။ အရင်အပတ်ကတော့ နံပါတ် ၈ နေရာမှာ ရှိနေခဲ့ပြီး ဒီအပတ်မှတော့ နံပါတ် ၉ နေရာကို ရောက်သွားခဲ့တာဖြစ်ပါတယ်။ Lil Baby နဲ့ Gunna တို့ အတူတွဲဖက်ပြီး သီဆိုထားကြတာဖြစ်ပါတယ်။

8. ZEZE

Kodak Black သီဆိုထားတဲ့ ZEZE သီချင်းကတော့ အရင်အပတ်က နံပါတ် ၇ နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီအပတ်မှာတော့ နံပါတ် ၈ နေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။

READ
“ရူးအောင်ချစ်ရသူ”မှာ မင်းသားမျက်နှာ မပြတဲ့ အကြောင်းအရင်း နန်းဆုရတီစိုး ထုတ်ပြော

7. All I Want For Christmas is You

ဒီသီချင်းကတော့ ၂၀၀၉ ခုနှစ်က ထွက်ထားတဲ့ ခရစ်စမတ်သီချင်းလေးဖြစ်ပြီး ၂၀၁၈ ခုနှစ်ရဲ့ ခရစ်စမတ်ကာလ ရောက်ခါနီးမှာ Billboard top ten ထဲကို ပြန်ဝင်လာခဲ့တာဖြစ်ပါတယ်။

6. Going Bad

ဒီသီချင်းကတော့ Billboard top ten ထဲကို အသစ်ဝင်လာတဲ့ သီချင်းလေးဖြစ်ပါတယ်။ Meek Mill က Drake နဲ့အတူ သီဆိုထားတာဖြစ်ပါတယ်။

5. High Hopes

ဒီသီချင်းလေးကတော့ အရင်အပတ်က နံပါတ် ၅ နေရာမှာ ရှိနေခဲ့ပြီး ဒီအပတ်မှာလည်း နံပါတ် ၅ မှာပဲ ဆက်ရှိနေတာဖြစ်ပါတယ်။

READ
မြင်သူတိုင်းကြည်နူးရတဲ့ ဝေဠုကျော်ရဲ့ ပရဟိတလှုပ်ရှားမှုပုံရိပ်များ

4. Happier

ဒီသီချင်းလေးကတော့ ဒီဂျေ Marshmello ရဲ့ လူကြိုက်တော်တော်များတဲ့ သီချင်းလေးဖြစ်ပြီး အရင်အပတ်ကတော့ နံပါတ် ၃ နေရာမှာရှိနေခဲ့တာဖြစ်ပါတယ်။

3. Without Me

အရင်အပတ် က နံပါတ် ၄ နေရာမှာ ရပ်တည်ခဲ့တဲ့ Hasley ရဲ့ သီချင်းကတော့ ဒီအပတ်မှာ နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။

2. Sicko Mode

ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၁ နေရာမှာ ရှိနေခဲ့ပြီး BILLBOARD TOP THREE မှာ အချိန်အတော်ကြာရှိခဲ့ပါတယ်။ ဒီအပတ်မှာတော့ နံပါတ်  ၂နေရာကို ရောက်လာခဲ့ပါတယ်။ Travis Scott သီဆိုထားတာဖြစ်ပါတယ်။

1. Thank You, Next

စထွက်တဲ့ အချိန်ကတည်းက နံပါတ် ၁ နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းလေးက ဒီအပတ်မှာလည်း နံပါတ် ၁ နေရာမှာပဲ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။

Source: Billboard

SHARE