သီချင်းချစ်သူ ပရိသတ်တွေအတွက် နိုဝင်ဘာလ ဒုတိယအပတ်အတွင်းက BILLBOARD TOP 10 စာရင်းဝင် နိုင်ငံတကာ သီချင်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ နံပါတ် ၁၀ ကနေစပြီး တင်ဆက်ပေးလိုက်ပါတယ်။
10. Lil Baby x Gunna – “Drip Too Hard”
ဒီသီချင်းကတော့ Lil Baby နဲ့ Gunna တို့က အတူတွဲဖက်သီဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်းကတော့ အရင်အပတ်က နံပါတ် ၈နေရာမှာ ရှိနေခဲ့တာဖြစ်ပြီး ဒီအပတ်မှာတော့ နံပါတ် ၁၀ နေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။
9. Sheck Wes – Mo Bamba
ဒီသီချင်းကိုတော့ Sheck Wes က သီဆိုထားတာဖြစ်ပါတယ်။ အရင်အပတ်က Billboard ရဲ့ နံပါတ် ၁၀ နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။
8. Kodak Black – ZEZE (feat. Travis Scott & Offset)
ဒီသီချင်းကိုတော့ ZEZE က သီဆိုထားတာဖြစ်ပြီး အရင်အပတ်က နံပါတ် ၆နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီအပတ်မှာတော့ နံပါတ် ၈ နေရာကို ဆင်းသွားခဲ့တာဖြစ်ပါတယ်။
7.Post Malone – Better Now
ဒီသီချင်းကိုတော့ Post Malone က သီဆိုထားထာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က Billboard Chart မှာ နံပါတ် ၅ နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။
6. Halsey – Without Me
Hasley သီဆိုထားတဲ့ Without Me သီချင်းကတော့ အရင်အပတ်က နံပါတ် ၉ နေရာကနေ နံပါတ် ၆နေရာအထိ တက်လာခဲ့တာဖြစ်ပါတယ်။
5. Juice WRLD – Lucid Dreams
ဒီသီချင်းကိုတော့ Juice WRLD က သီဆိုထားတာဖြစ်ပြီး အရင်အပတ်ကတော့ နံပါတ် ၄ နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။
4. Marshmello ft. Bastille – Happier
ဒီသီချင်းကတော့ Billboard Top Ten Chart ထဲမှာ ရှိနေတာ တော်တော်လေးကြာပါပြီ။ အရင်အပတ်က နံပါတ် ၃နေရာမှာ ရှိခဲ့ပြီး ဒီအပတ်မှာတော့ နံပါတ် ၄ နေရာမှာ ရှိနေတာဖြစ်ပါတယ်။
3. Travis Scott – SICKO MODE ft. Drake
ဒီသီချင်းကိုတော့Travis Scott က သီဆိုထားတာဖြစ်ပြီး အရင်အပတ်က နံပါတ် ၂ နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။
2. Maroon 5 – Girls Like You ft. Cardi B
ဒီသီချင်းကတော့ Billboard Top Ten Chart ထဲမှာ နံပါတ် ၁ နေရာကို အပိုင်သိမ်းထားတာ တော်တော်ကြာပါပြီ။ ဒီအပတ်မှာတော့ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။
1. Ariana Grande – thank u, next
ဒီအပတ်မှာ နံပါတ် ၁ နေရာကို အပိုင်သိမ်းသွားတဲ့ သီချင်းလေးကတော့ Ariana Grande ရဲ့ သီချင်းအသစ်လေးဖြစ်ပါတယ်။
source: Billboard