Britney Spears ကြောင့် ဘောင်းဘီထဲ မစင်စွန့်မိမလိုတောင် ဖြစ်ခဲ့တယ်ဆိုတဲ့ Billie Eilish

Instagram- Billie Eilish, Britney Spears

Billie Eilish ကတော့ အသက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အောင်မြင်လွန်းသွားတဲ့ ပေါ့ပ်အဆိုတော်မလေးတစ်ဦးပါ။ ဂီတနဲ့ပတ်သက်ပြီး ဆုတွေလည်းရခဲ့တဲ့အတွက်ကြောင့် တော်တော်များများ ရင်းနှီးပြီးသားလို့ ထင်ပါတယ်။

People မှ ဖော်ပြချက်အရ Apple Music နဲ့ အင်တာဗျူးတုန်းက သူမအနေနဲ့ကိစ္စတစ်ခုကို ထုတ်ဖော်ပြောပြလာခဲ့ပါတယ်။ Britney Spears နဲ့ပတ်သက်တဲ့အကြောင်းရာလေးတစ်ခုပါ။

https://www.instagram.com/p/B9mZ8CrFZ1Z/

ဟိုးအရင်လတွေတုန်းက Britney ဟာ သူမရဲ့ Instagram မှာ သူများသီချင်းတွေဆိုပြီး ကနေတဲ့ ဗီဒီယိုလေးတွေ တင်လာခဲ့ပါတယ်။ အဲဒီအထဲ တစ်ခုကတော့ “Bury a Friend” ဆိုတဲ့ သီချင်းတစ်ပုဒ်လည်းအပါအဝင်ပါပဲ။ Bury a Friend ဆိုတာ Billie ရဲ့ အအောင်မြင်ဆုံးသီချင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Billie ငယ်ငယ်တုန်းကဆိုရင် Britney ရဲ့သီချင်းတွေကို အမြဲတမ်းနားထောင်လေ့ရှိပြီး ဧည့်ခန်းထဲ တီဗီကြည့်ကာ အမြဲကခုန်ခဲ့တာပါတဲ့။ ဒီလို ပေါ့ပါအိုင်ဒေါတစ်ဦးက သူမလို အသစ်ကလေးရဲ့သီချင်းတွေကို အခုလိုမျိုး တကယ်ကြိုက်နေတာကိုတွေ့ရတော့ Billie အနေနဲ့ အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်တဲ့။ အဲဒါကြောင့်လည်း အပျော်လွန်ပြီး အဲဒီဗီဒီယိုကို ပထမဆုံးကြည့်မိတဲ့အချိန်တုန်းက ရင်တွေခုန်ပြီး အီပါချမတော့မလိုတောင်ဖြစ်ကာ စိတ်တွေလည်းလှုပ်ရှားခဲ့ရပါတယ်တဲ့လေ။

READ
Kardashian ညီအစ်မတွေရဲ့ ထူးခြားလွန်းတဲ့ ခရစ်စမတ်ပါတီ ၀တ်စုံများ

https://www.instagram.com/p/CAWQ2-Xgtsb/

 

 

View this post on Instagram

 

Billie ⭐️ !!!!! I know ….. I should makeup on and brush my hair but I just wanna dance !!!!!  ⁣ ⁣ @billieeilish

A post shared by Britney Spears (@britneyspears) on

penny

SHARE