မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား။ ဒါဆိုရင်တော့ အသက် ၁၇ နှစ်သမီးလေး Billie Eilish ကို တစ်ချက်လောက်ကြည့်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။ Billie ရဲ့ ပရိတ်ဆိုရင်တော့ ဒီကလေးမလေး Justin Bieber ကို ဘယ်လောက်တောင် ရူးသလဲဆိုတာ သိကြမှာပါနော်။ သီချင်းတွေဆိုပြီး နာမည်မကြီးခင်ကရော၊ Ocean Eyes နဲ့ ပရိတ်သတ်တွေရဲ့ ရင်ဘတ်ထဲ နေရာယူပြီးနောက်မှာရောပါ သူ့ရဲ့ ငယ်ဘဝကအချစ်ဦးက ဘယ်သူလဲလို့မေးရင် အခုအချိန်အထိ Justin Bieber လို့ ဖြေနေတုန်းပါပဲ။
သူမဘဝမှာ Justin Bieber ရဲ့ ပွေ့ဖက်မှုရဖို့ဆိုတာ စိတ်တောင်မကူးဖူးပေမယ့်လည်း ၂၀၁၉ ကိုချယ်လာပွဲမှာ JB ရဲ့တယုတယထွေးပွေ့မှုတွေကို ပရိတ်သတ်တစ်ယောက်အနေနဲ့ရော ဆယ်လီခရပ်ရှ်အနေနဲ့ရော ခံစားခဲ့ရပါသေးတယ်။ အခုလည်း People မဂ္ဂဇင်း ရဲ့ ဖော်ပြချက်အရ Billie ဟာ အမြဲတမ်းအထင်ကြီးလေးစားပြီး သည်းသည်းလှုပ်အားပေးခဲ့ရတဲ့ စီနီယာ Justin Bieber နဲ့အတူတူ သီချင်းတွဲလုပ်ခဲ့ပါပြီလို့ သိခဲ့ရပါတယ်။
Billie Eilish ဟာ Bad Guy ဆိုတဲ့ သီချင်းနဲ့ Billboard Top Chart မှာ အချိန်အတော်ကြာသည်အထိ ထိပ်တန်းအဆင့်တွေမှာ နေရာယူခဲ့ပြီး သူမရဲ့ နောက်ဆုံးထွက် album ဟာဆိုလည်းလည်း ဒိတ်ဒိတ်ကြဲကို ပေါက်နေဆဲပါပဲ။ ဆယ်ကျော်သက်တွေနဲ့ လူငယ်ပိုင်းတွေပါ အားပေးနေရတဲ့ ချာတိတ်မလေးနဲ့ ပါရမီထူးကဲတဲ့ JB တို့နှစ်ယောက် အတူတူတွဲလုပ်ထားတဲ့ သီချင်းလေးရဲ့ ကတော့ သူမပေါက်ခဲ့တဲ့ Bad Guy သီချင်းကိုပဲ JB နဲ့တစ်ဖန် featuring ပြန်လုပ်ထားခဲ့တာပါတဲ့။
View this post on Instagram
BAD GUY FEAT. JUSTIN BIEBER OUT NOWWW OMGFFFFGGG ANYTHING IS POSSIBLE MAN
Billie Eilish ဟာ သူမရဲ့ Instagram account မှာလည်း မနေ့တုန်းက မဖြစ်နိုင်ဘူးဆိုတာ ဘယ်တော့မှမရှိဘူးဆိုတဲ့ caption နဲ့ ပုံလေးကိုတင်ထားခဲ့ပါသေးတယ်။ Bad Guy က Billie Eilish တစ်ယောက်တည်းဆိုတာ ပိုကောင်းလား၊ Justin Bieber နဲ့ တွဲဆိုတော့မှပိုကောင်းသွားသလားဆိုတာ နားဆင်ကြည့်လိုက်ကြပါဦး။
Penny