ထိုင်နေပုံက သာမန်မဟုတ်လို့ အင်တာနက်ပေါ်မှာ ရေပန်းစားခဲ့တဲ့ ဓာတ်ပုံ

လက်တလော လူမှုကွန်ယက်မီဒီယာတွေပေါ်မှာ အမျိုးသမီးတစ်ယောက် ထိုင်နေတဲ့ပုံကို လူစိတ်ဝင်စားမှု အလွန်များခဲ့ပါတယ်။ အကြောင်းကတော့ သူမ ခုံရှည်ပေါ်မှာ ထိုင်နေတာဟာ သာမန်နဲ့မတူပဲ ခြေထောက်တွေ့ရဲ့ လားရာက ဆန့်ကျင်ဘက်အနေအထားကြီး ဖြစ်နေတာပါ။

အဲဒီအမျိုးသမီးဟာ Gym ကစားရင်း ခုံရှည်တစ်ခုပေါ်မှာ ထိုင်နေတာဖြစ်ပြီး၊ ခြေထောက်တွေက လူရဲ့ခန္ဓာကိုယ်နဲ့ဆန့်ကျင်ဘက်အနေအထား ဖြစ်နေလို့ တော်တော်လေးကို မြင်ရသူရဲ့အတွေးကို ရှုပ်ထွေးစေပါတယ်။ တစ်ချို့ကတော့ သူရဲ့
နောက်မှာရှိတဲ့ မှန်က ပုံရိပ်ယောင်အလင်းပြန်မှုဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။

ဒါပေမယ့် လက်နှစ်ဖက်ကို သတိထားကြည့်တဲ့အခါ လက်တစ်ခုတည်းမှာသာ လက်ဖွဲ့ကဲ့သို့သော တန်ဆာပလာကို ၀တ်
ဆင်ထားလို့ မှန်ဟာ အခြားဆန့်ကျင်ဘက် ကပ်လျှက်နေရာမှ မဖြစ်နိုင်ကြောင်း၊ ခြေထောက်တွေရဲ့ ကွဲပြားနေတဲ့ပုံစံကို
ထောက်ဆရင် ခုံရှည်ရဲ့အောက်မှာ မှန်ရှိနေနိုင်တယ်လို့ တစ်ယောက်က ထောက်ပြခဲ့ပြန်ပါတယ်။

READ
ယာဉ်မောင်းစာမေးပွဲဖြေလို့အောင်ပြီးပြီးချင်း ကားရေထဲကျခဲ့တဲ့အမျိုးသား

အခြားတစ်ယောက်ကတော့ အမျိုးသမီးရဲ့ ခြေထောက်ဟာ အလွန်ပျော့ပြောင်းလွန်းလို့ နောက်ကို ဟာသအနေနဲ့ လှည့်ပြထားတာလို့ ရိုးရိုးတန်းတန်း တွေးမိကြောင်း ရေသားခဲ့ပါတယ်။ ဒီဓာတ်ပုံဟာ 2015 ခုနှစ်ကတည်း လူမှုကွန်ယက်မှာ ရှိနေခဲ့တာဆိုပေမယ့် အခုလောလောဆယ်မှ လူမှုကွန်ယက်မှာ ပျံ့နှံ့ရေပန်းစားလာတာပါ။

မကြာသေးမီကလည်း အမျိုးသမီးငါးယောက် ထိုင်နေတဲ့ဓာတ်ပုံတစ်ပုံဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူတွေကို အမြင်အမျိမျိုး၊ အတွေးအမျိုးမျိုး၊ ငြင်းခုန်မှုအမျိုးမျိုး ပေးခဲ့ပါတယ်။ အခြား မြင်ရသူကို အမြင်မှားစေခဲ့တဲ့ ဓာတ်ပုံတစ်ခုကတော့ အမျိုးသမီးယောက်ရဲ့ ပုံဖြစ်ပြီး၊ သူမရဲ့ပုံဟာ သာမန်ကြည့်ရင် သာမန်ပါဘဲ။ ဒါပေမယ့် သေချာကြည့်တဲ့အခါ လက်ချောင်းလေးတွေက ခြောက်ချောင်းလို့ ယူဆရစေပါတယ်။ အခြား ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ပုံတွေကိုလည်း ဖော်ပြးထားပါတယ်။

မဒီလေး (Shemom)

source : thesun.co.uk

SHARE