ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ ဂိမ်းစက်အသစ်တွေ၊ ဂိမ်းအခွေအသစ်တွေဟာလည်း တောက်လျှောက် ထွက်ရှိနေဆဲပါ။ ဒါ့အပြင် ဂိမ်းတွေရဲ့ Graphic ပိုင်းဆိုင်ရာတွေ၊ အသံ system တွေဟာလည်း တဖြည်းဖြည်းနဲ့ကို မြင့်မားလျက်ရှိနေကြပြီပဲ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က Game Science ဂိမ်းကုမ္ပဏီက ထွက်ရှိခဲ့တဲ့ Black Myth: Wukong ဂိမ်းအသစ်ဟာ တော်တောလလေးမိုက်ပြီး Gamer တေတတွကြားမှာ အလွန်တရာကို ရေပန်းစားပြီး လူကြိုက်များနေကြောင်း Ign သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က တရုတ်နိုင်ငံ အခြေစိုက် Game Science ကုမ္ပဏီက Black Myth: Wukong လို့ အမည်ရတဲ့ ဂိမ်းအသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ (၁၃) မိနစ် ကြာတဲ့ ဒီ Wukong ဂိမ်းရဲ့ Trailer ဟာ ၂၄ နာရီအတွင်းမှာကို ကြည့်ရှု့သူ ၁၀ သန်းကျော် ရှိခဲ့ပြီး Gamer တွေ ကြားထဲမှာ တော်တော်လေးကို ရေပန်းစားခဲ့ပါတယ်။ ပြီးတော့ ဒီဂိမ်းရဲ့ ထူးခြားချက်ကတော့ Graphic က တော်တော်ကြီးကို ကောင်းလွန်းနေတာပါပဲ။
ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ အတိုင်း ဒီဂိမ်းဟာ Action ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး Wukong တစ်ကောင် တောထဲမှာ လှည့်လည်သွားလာပြီး မိစ္ဆာတွေကို သတ်ဖြတ်ရတဲ့ ဂိမ်းအမျိုးအစားတစ်ခုပါပဲ။ ဒါ့အပြင် နောက်ထပ်ထူးခြားတာတစ်ခုကတော့ အသစ်ထွက်ရှိတဲ့ ဂိမ်းအသစ်ရဲ့ Trailer တော်တော်များများမှာ ဂိမ်းအကြောင်းရှင်းပြတဲ့ နောက်ခံစကား ပြောပုံစံပါရှိပြီး သူတို့ဂိမ်းဟာ ဘယ်လောက် Graphic မိုက်ကြောင်း၊ ဘယ်နေရာမှာ တစ်ခြားဂိမ်းတွေနဲ့ မတူတာ ဘာလေးဖြစ်ကြောင်း အစရှိသဖြင့် ဂိမ်းရဲ့ ကောင်းမွန်တဲ့ အချက်တွေကိုပဲ ရွေးပြီး ပြောသွားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ Wukong ဂိမ်းရဲ့ Trailer မှာတော့ သူတို့ ဂိမ်းက ဘယ်လိုအားနည်းချက်ရှိသေးကြောင်း၊ ဟိုနေရာမှာ ဘယ်လိုလေးလုပ်လိုက်ရင် ဘယ်လို ကောင်းသွားမှာ ဖြစ်ကြောင်း၊ ဒီနေရာမှာတော့ ဘာတွေ ထည့်ထားတာမှားနေကြောင်း အစရှိသဖြင့် ဂိမ်းရဲ့ ပြစ်ချက်တွေကိုပဲ ရွေးပြောသွားတာ ဖြစ်ပါတယ်။


“အခုအချိန်မှာတော့ ကျွန်တော်တို့ ကုမ္ပဏီက အသစ်ထွက်ရှိထားတဲ့ Wukong ဂိမ်း Trailer ကို တော်တော်များများကြိုက်ကြလို့ တစ်ကယ်ပျော်မိပါတယ်။ ကျွန်တော်ဆီက ပညာရှင်တွေလည်း ပရိသတ်တွေဆီက ဒီလိုတုံ့ပြန်မှုတွေရရှိလို့ ဝမ်းသာနေကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဗီဒီယိုထဲမှာ ပြောသွားသလို ကျွန်တော်တို့ရဲ့ ဂိမ်းအသစ်မှာ အားနည်းချက်တွေ တော်တော်လေးရှိသေးလို့ ဒီဂိမ်းနဲ့ ပတ်သတ်တဲ့ process တွေကို ခဏရပ်တန့်ထားပါတယ်။ ပြီးတော့ ဒီဂိမ်းမှာ ရင်းနှီးမြုပ်နှံချင်တဲ့ လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ Black Myth: Wukong ဂိမ်းထွက်ရှိဖို့ အချိန်ယူရဦးမှာပါ”လို့ Game Science ကုမ္ပဏီရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ Feng Ji က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲက Wukong လိုလည်း နှစ်ပေါင်း ၅၀၀ ကြာမှ ပေါ်လာမှာတော့ မဟုတ်ဘူးလို့လည်း အရွှန်းဖောက်သွားခဲ့ပါတယ်။

Pyi Hein Kyaw