Time မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာဖော်ပြခံရတဲ့အထိ အောင်မြင်နေတဲ့ Black Panther

MCU လို့ လူသိများတဲ့ Marvel Cinematic Universe ရဲ့ ၂၀၁၈ အတွက် ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Black Panther ကတော့ ရုံမတင်ရသေးခင်မှာတင် အောင်မြင်မှုတွေ ကြောက်ခမန်းလိလိရနေပါပြီ။ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေ၊ ကြိုတင်လက်မှတ်စံချိန်တင်ရောင်းချရမှုတွေနဲ့ ရုံမတင်ခင်တည်းက hype နေတဲ့ Black Panther ဟာ အခုဆိုရင် သြဇာတိက္ကမကြီးမားတဲ့ Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပထမဆုံးဖော်ပြခံရတဲ့ Marvel ရဲ့ ရုပ်ရှင်ကားလည်း ဖြစ်လို့လာခဲ့ပါပြီ။

Marvel Studios’ BLACK PANTHER
T’Challa/Black Panther (Chadwick Boseman)
Credit: Matt Kennedy/©Marvel Studios 2018

နာမည်ကျော် ရုပ်ရှင်ဝေဖန်ရေးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Rotten Tomatoes မှာ ရှားရှားပါးပါး (၁၀၀)ရာခိုင်နှုန်း ကောင်းမွန်ပြည့်စုံတယ်လို့ ချီးကျူးခံရတဲ့ Black Panther ရုပ်ရှင်ဟာ ကြိုတင်လက်မှတ်စတင်ရောင်းချတဲ့ ပထမဆုံး(၂၄)နာရီအတွင်းမှာလည်း ရောင်းအားအများဆုံး ရုပ်ရှင်တစ်ကားဖြစ်ခဲ့တာပါ။

Marvel Studios

၁၉၆၆ ခုနှစ်မှာစတင်ထုတ်ဝေခဲ့တဲ့ Black Panther comic ကို အခြေခံပြီးဖန်တီးထားတဲ့ Black Panther ကို MCU ရဲ့ Captain America: Civil War မှာ ပထမဆုံးပွဲဦးထွက်စေခဲ့တာဖြစ်ပါတယ်။ အဲဒီကတည်းက ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့တဲ့ Black Panther ရဲ့ standalone movie ဖြစ်တဲ့ဒီရုပ်ရှင်ဟာ အာဖရိကတိုက်က စိတ်ကူးယဉ်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ Wakanda နိုင်ငံမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး အာဖရိကတိုက်ရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ လှပတဲ့ရှုခင်းတွေကို စူပါဟီးရိုးရုပ်ရှင်တွေအတိုင်း ခေတ်လွန်လက်နက်တွေ၊ ယာဉ်ပျံတွေနဲ့ ရောစပ်ဖန်တီးထားတဲ့ ဒီရုပ်ရှင်မှာ အဓိကဇာတ်ဆောင်တွေအဖြစ် လူမည်းအနွယ်ဝင် သရုပ်ဆောင်တွေက ပါဝင်ထားတာဖြစ်ပါတယ်။

READ
ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ရွှေမှုံရတီရဲ့ဓါတ်ပုံတွေကို မှတ်ချက်ပေးလိုက်တဲ့ ရွှေထူး

 

Black Panther တဖြစ်လည်း Wakanda နိုင်ငံရဲ့ ဦးသျှောင်ဘုရင် T’Challa အဖြစ် သရုပ်ဆောင်မယ့် မင်းသား Chadwick Boseman ဟာလည်း ဇာတ်ရုပ်နဲ့အလိုက်ဖက်ဆုံးမင်းသားအဖြစ် ချီးကျူးခံထားရသလို၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှာ ထုတ်ဝေမယ့် Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အဖြစ်လည်း ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

Marvel Studios

Black Panther ရုပ်ရှင်ကို အမေရိကန်နိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှာ စတင်ရုံတင်ပြသတော့မှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ဒီလအတွင်းမှာပဲ ရုံတင်ပြသမှာဖြစ်ပါတယ်။ ဒါကြောင့် Shwemom ပရိသတ်ကြီးလည်း ရုပ်ရှင်မကြည့်သေးခင်မှာ Trailer ကို ပြန်လည်ကြည့်ရှုပြီး hype လိုက်ကြပါဦးစို့ဗျာ။

READ
အမူးသမား ဒရိုင်ဘာကြောင့် Accident ဖြစ်ပွားခဲ့တဲ့ Park Ji Yoon နဲ့ Choi Dong Suk

 

Ko Puccy

SHARE