ဒေါ်လာ(၂၁၈)သန်းနဲ့ Weekend Box Office ဝင်ငွေစံချိန်ချိုးလိုက်တဲ့ Black Panther ရုပ်ရှင်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၆)ရက်နေ့ကမှ ရုံတင်ပြသခဲ့တဲ့ Black Panther ရုပ်ရှင်ဟာ Weekend Box Office ၀င်ငွေဒေါ်လာ(၂၁၈)သန်းရရှိပြီး စံချိန်ချိုးလိုက်ပါတယ်။ ဒီဝင်ငွေဟာ ၂၀၀၉ ခုနှစ်က ရုံတင်ခဲ့တဲ့ Transformer: Revenge of the Fallen (ဒေါ်လာ ၂၀၀ သန်း) , ၂၀၀၇ ခုနှစ်က ရုံတင်ခဲ့တဲ့ Pirates of the Caribbean: At World Ends (ဒေါ်လာ ၁၅၃ သန်း) တို့ထက်ပိုများခဲ့ပြီး နောက်ဆက်တွဲမဟုတ်တဲ့ ရုပ်ရှင်ကားတွေထဲမှာလည်း ၀င်ငွေအများဆုံးဖြစ်ခဲ့ပါတယ်။

Marvel Studios

နာမည်ကျော် Forbes Magazine ရဲ့ ဖော်ပြချက်အရ Black Panther ရုပ်ရှင်ဟာ သမိုင်းတစ်လျှောက် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ရဲ့ ၀င်ငွေစံချိန်မှာ အဆင့်(၅)နေရာချိတ်နေပါတယ်။ အဆင့်(၁)ကနေ (၄) အထိရုပ်ရှင် ကားတွေကတော့ Star Wars:The Force Awakens (ဒေါ်လာ ၂၄၈ သန်း) , Star Wars:The Last Jedi (ဒေါ်လာ ၂၂၀ သန်း) , Jurassic World (ဒေါ်လာ ၂၀၈ သန်း) , The Avengers (ဒေါ်လာ ၂၀၇ သန်း) တို့ပဲ ဖြစ်ပါတယ်။

READ
MCU ရိုက်ကွင်းပေါ်က ပစ္စည်းတွေကို ရုပ်တည်နဲ့အလစ်သုတ်ခဲ့ကြတယ်ဆိုတဲ့ စူပါဟီးရိုးများ

Marvel Studios

ဒါ့အပြင်လည်း အမျိုးသားတွေကော အမျိုးသမီးတွေကိုပါ ကောက်ခံတဲ့ရုပ်ရှင်စစ်တမ်း နှစ်ခုစလုံးမှာ Black Panther ဟာ အကောင်းဆုံးသတ်မှတ်ချက်ဖြစ်တဲ့ A+ ရနေပါတယ်။ BlackPanther ရုပ်ရှင်ဟာ ကြီးမားတဲ့ ရုပ်ရှင်ကြည့်ပရိသတ်ဈေးကွက်ရှိတဲ့ ရုရှားနဲ့ တရုတ်တို့လိုနိုင်ငံမျိုးတွေ ရုံမတင်ရသေးသလို ရုံတင်ခဲ့ရင်လည်း ၀င်ငွေမြောက်မြားစွာ ဆက်လက်ရရှိဦးမယ်လို့ ခန့်မှန်းနေကြပါတယ်။ ၁၉.၂.၂၀၁၈ တနင်္လာနေ့ရဲ့ ရုံဝင်ငွေပါ ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် ဒီရုပ်ရှင်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ ၃၆၁ သန်းရရှိသွားမှာ ဖြစ်ပါတယ်။

Marvel Studios

ရုပ်ရှင်ထဲက အဓိကဇာတ်ကောင် Black Panther နေရာမှာ သရုပ်ဆောင်ခဲ့တဲ့မင်းသား Chadwick Boseman ဟာလည်း Time Magazine မျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ပထမဦးဆုံး Marvel ဇာတ်ကောင်ပါ။ Black Panther ဇာတ်ကောင်ကိုတော့ ၁၉၆၆ က နာမည်ကြီး Comic စာရေးဆရာတစ်ဦးဖြစ်တဲ့ Jack Kirby ဖန်တီးခဲ့တာ ဖြစ်ပါ တယ်။

READ
"သမ္မတကြီးထံပေးစာ" Red Carpet Show သို့ တက်ရောက်လာတဲ့ ဖွေးဖွေး

Time Magazine

Marvel ကထုတ်လုပ်တဲ့ BlackPanther ရုပ်ရှင်ဟာ လူမည်းသရုပ်ဆောင်တွေကိုပဲ အဓိကသရုပ်ဆောင်နေရာပေးပြီး ရိုက်ကူးထားတဲ့ ပထမဦးဆုံး စူပါဟီးရိုးဇာတ်ကားပါ။ ဒါ့အပြင် အာဖရိကတိုက်ရဲ့ ယဉ်ကျေးမှု ၊ ရိုးရာခံယူချက်တွေကို ထည့်သွင်းဖော်ပြထားတဲ့ ဒီရုပ်ရှင်ဟာ ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ အစဉ်အလာအတော်များများကို တွန်းလှန်ထားပြီး အောင်မြင်နေတာကြောင့် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတစ်ရပ်အဖြစ် ပရိသတ်တွေက သတ်မှတ်ထားကြပါတယ်။

Source : Unilad

Zarni

SHARE