အကြည့်မလွှဲနိုင်လောက်အောင်ညို့အားပြင်းတဲ့အလှနဲ့ ဖမ်းစားလိုက်တဲ့ BLACKPINKရဲ့Jisoo

အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ BLACKPINKအဖွဲ့ဝင်Jisooဟာ သူမရဲ့ အဖွဲ့နဲ့အတူ SBS X BBQ ဖျော်ဖြေပွဲမှာ ပါဝင် ဖျော်ဖြေခဲ့ပါတယ်။ BLACKPINK အဖွဲ့ကတော့ ဂျပန်မှာ ဖျော်ဖြေပွဲတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး သူတို့ကို ကိုရီးယားမှာ ဖျော်ဖြေတာ မတွေ့ရတာ အတော်ကြာပြီဖြစ်ပါတယ်။ ဒီပွဲမှာတော့ သူတို့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘Ddu-Du Ddu-Du’နဲ့  ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲမှာတော့ Jisooဟာ ပရိသတ်တွေ အားလုံးရဲ့ အကြည့်တွေကို ဖမ်းစားသွားခဲ့ပါတယ်။ အဖွဲ့ရဲ့ ရုပ်အချောဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့သူဖြစ်တဲ့ Jisoo ကတော့ ဖျော်ဖြေပွဲမှာ သူမရဲ့ ညို့အားပြင်းအလှတွေကို ထုတ်ပြခဲ့ပါတယ်။ ခါးတို အင်္ကျီကို ဝတ်ဆင်ထားပြီး အဝါရောင် စကပ်အတိုလေးနဲ့ပဲ ရိုးရိုးလေး ဝတ်ထားပေမဲ့ Jisooရဲ့ ဆွဲဆောင်အားပြင်းတဲ့ အလှကတော့ ပရိသတ်တွေကို မှင်သက်ငေးမောစေခဲ့ပါတယ်။

READ
ဘယ်အနုပညာရှင်မှ မလုပ်ခဲ့ဖူးတဲ့ ဒါနတစ်ခုကို လုပ်ခဲ့တယ်ဆိုတဲ့ Irrfan Khan အကြောင်း

အဲဒီပွဲက Jisoo ရဲ့ ဗီဒီယိုတွေဟာဆိုရင်လည်း အင်တာနက်ပေါ်မှာ တော်တော်လေးကို ပျံ့နှံ့နေပါတယ်။ BLACKPINK ရဲ့ ပရိသတ် မဟုတ်တဲ့ သူတွေကတောင် Jisoo ရဲ့ အလှမှာ နစ်မျောနေကြပါပြီ။


Check out the pictures right below!

SHARE