ကျို့ထိုးခြင်း၊ သန်းဝေခြင်းအပါအဝင် လူတိုင်းသိထားသင့်တဲ့ ခန္ဓာကိုယ်ရဲ့ ထူးခြားဆန်းကြယ်ပုံများ

Freepik- prostockstudio

တကယ်တော့ လူ့ခန္ဓာကိုယ်ကြီးဟာ တော်တော်လေးကို ထူးဆန်းပြီးတော့ ဆန်းကျယ်လှပါတယ်။ အခုအချိန်ထိ ပညာရှင်တွေ ရှာလို့မတွေ့သေးတဲ့ ပဟေဠိတွေအများကြီးရှိနေပါတယ်။ ဥပမာ မအိပ်ချင်ဘဲ ဘာလို့သန်းရတာလဲ၊ ကျို့ထိုးတာဘာလို့လဲ စတာမျိုးလေးတွေပေါ့။ ဒီတော့ ဒီတစ်ခေါက်မှာ ကိုယ့်ခန္ဓာကိုယ်အကြောင်း ထဲထဲဝင်ဝင်သိစေဖို့ ဗဟုသုတရဖွယ်အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။

ကြက်သီးခြင်း

ကြက်သီးတွေဟာ တကယ်တော့ ကြွက်သားအဖုလေးတွေပါပဲ။ အရေပြားပေါ်က မွှေးညှင်းပေါက်တွေကြောင့် မွှေးညှင်းပေါက်မရှိတဲ့ နေရာက အရေပြားထက် ပိုပြီး အပေါ်ကိုတက်တဲ့အတွက် အဖုလေးတွေလို ဖြစ်တ်တာပါ။ များသောအားဖြင့် ကြက်သီးထတာဟာ စိတ်ခံစားချက် မြင့်တက်သွားတဲ့အခါမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ကြက်သီးထခြင်းရဲ့ မူရင်းရည်ရွယ်ချက်ကတော့ အေးတဲ့အခါ ခန္ဓာကိုယ်ကို နွေးအောင်လို့ မွှေးညှင်းပေါက်ထဲ လေမဝင်စေဖို့ရာ ကြွက်သားနဲ့ပိတ်လိုက်တာပါ။ ဒီတော့ စိတ်ခံစားချက်မြင့်တာကိုလည်း ဦးနှောက်က တစ်ခါတစ်ရံမှာ အေးတဲ့အခါဖြစ်တတ်တဲ့ စိတ်ခံစားချက်နဲ့ မှားပြီးတော့ သတင်းပို့တဲ့အတွက် ယားရင်၊ ကြောက်ရင် ကြက်သီးထလာတာပဲဖြစ်ပါတယ်။

READ
မျက်ကပ်မှန်တပ်သူတိုင်း သိထားရမည့် မျက်လုံးကိုအန္တရာယ်ပေးနိုင်သည့်အချက်များ

လေချဉ်တက်ခြင်း

လူတွေက လေတက်ရင်ရွံဖို့ကောင်းတယ်လို့ ယူဆကြပေမယ့်လို့ တကယ်တမ်း လေတက်တာဟာ ကျန်းမာနေတယ်ဆိုတဲ့ သက်သေတစ်ခုပါပဲ။ အဲဒီလေဟာ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်တို့ ပါဝင်နေပါတယ်။ ဘာကြောင့်လေတက်ရသလဲဆိုတာကတော့ လူ့ရဲ့ဝမ်းဗိုက်ထဲ လိုတာထက်ပိုတဲ့ လေကို မြိုချမိလျက်သားဖြစ်သွားတဲ့အတွက် ပိုလျှံတဲ့လေကို ထုတ်ဖို့ရာ လေတက်တတ်ကြတာပါ။ ဒါကြောင့် ဂတ်စပါတဲ့ အချိုရည်တို့၊ အစားကိုမြန်မြန်များများစားမိတာတို့လိုမျိုးမှာ လေတက်တတ်ကြတာပါ။

အရိုးအဆစ်တွေ တဂျွတ်ဂျွတ်မြည်ခြင်း

အကြာကြီးထိုင်နေရာမှ ဆန့်လိုက်တာတို့၊ ထိုင်လိုက်တာတို့ စတဲ့ ရုတ်တရက် လှုပ်ရှားမှုတွေ လုပ်လိုက်တဲ့အခါ အဆစ်တွေကြားထဲ ရှိနေတဲ့ synovial အရည်ဟာ လှုပ်ရှားသွားပြီးတော့ ပူပေါင်းလေးတွေဖြစ်ကာ အဲဒီပူပေါင်းပေါက်တဲ့ အသံဖြစ်ပါတယ်။

ရုတ်တရက်နှာချေခြင်း

နှာခေါင်း သို့မဟုတ် လည်ချောင်းလဲဝင်လာတဲ့ မကောင်းတဲ့အမှုန်အမွှားသို့မဟုတ် ပိုးမွှားတွေ၊ အနံ့ပြင်းတွေကို ခန္ဓာကိုယ်ထဲ မဝင်အောင်လို့ ရုတ်တရက်ဓာတ်မတည့်မှုကို ဦးနှောက်ထဲသတင်းပို့ကာ အပြင်ကိုနှာချေခြင်းဖြင့် ထုတ်လိုက်တာဖြစ်ပါတယ်။

READ
လက်သည်းအလှ ပြုပြင်လေ့ရှိသူများအတွက် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ
Freepik- cookie_studio

ကျို့ထိုးခြင်း

ရှူသွင်းလိုက်တဲ့လေဟာ ရုတ်တရက်လမ်းကြောင်းမှားပြီး အသံအိုးဝကိုရောက်သွားတဲ့အတွက်ကြောင့် ဖြစ်တတ်ပါတယ်။ ဒီအပြင် အပူချိန်ရုတ်တရက်ပြောင်းသွားတာ၊ အစပ်စားမိလိုက်တာ၊ အက်ဆစ်ပါတဲ့အစားအစာစားမိလိုက်တာမျိုးတွေကြောင့်လည်း ကျို့ထိုးတတ်ပါတယ်။ ကျို့ထိုးတာကို ကုသလို့မရပါဘူး။ အလိုလိုပဲ ပျောက်ကင်းနိုင်ပါတယ်။

မအိပ်ချင်ဘဲသန်းဝေခြင်း

ဘာကြောင့်လဲဆိုတာ အခုအချိန်ထိ ပညာရှင်တွေ တိတိကျကျရှာဖွေလို့မရသေးတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ ဖြစ်နိုင်ချေရှိတဲ့အချက် တစ်ချက်ကတော့ ဦးနှောက်ကို ခဏလေး cool down လုပ်တာပါတဲ့။

penny

SHARE