မွေးကတည်းက လက်ချောင်းတွေ မပါပေမယ့် အံ့ဖွယ်ပန်းချီပညာနဲ့ ဘဝကိုရပ်တည်နေသူ

ယခင်က ခြေလက်အင်္ဂါချို့တဲ့နေသူတွေကို စာရးတဲ့နေရာမှာ သုံးတဲ့အသုံးအနှုန်းက “မသန်မစွမ်း”ဆိုပြီး သုံးကြပါတယ်။ နောက်ပိုင်းမှာတော့ မသန်စွမ်းသူများအဖွဲ့က မသန်မစွမ်း-ဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့ ကန့်ကွက်ခဲ့ကြပါတယ်။ ဒီအသုံးဟာ မသန်တဲ့သူတွေကို မစွမ်းဆောင်နိုင်သူတွေလို့ ထင်မြင်စေပြီး၊ စိတ်ဓာတ်ပိုင်းအရလည်း ကျဆင်းစေတယ်လို့ ဆိုကြပါတယ်။ ယင်းနောက် အစိုးရနဲ့ မီဒီယာတွေကိုယ်တိုင်က မသန်စွမ်းဆိုပြီး အတည်ပြုလက်ခံ သုံးစွဲခဲ့ကြတာပါ။

မသန်ပေမယ့် စွမ်းကြပါတယ်။ ကမ္ဘာကျော်တဲ့သူတွေထဲမှာလည်း ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေ ရှိနေပြီး၊ အာကစား၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးနယ်ပယ်မှ သူတို့တစ်တွေ နေရာရလာခဲ့တာ အားလုံး သိမြင်ကြပါလိမ့်မယ်။ အခုလည်း အသက် 23 နှစ်အရွယ်သာရှိသေးတဲ့ Mariusz Kędzierski လို့ အမည်ရတဲ့ ပိုလန်ပန်းချီပညာရှင်ဟာ မသန်ပေမယ့် စွမ်းသူတစ်ယောက်ပါ။

သူဟာ အံ့မခန်း ခဲခြစ်ပုံတူလက်ရာတွေနဲ့ ဘ၀ကို လမ်းကြောင်းနေသူ ဖြစ်ပြီး၊ အသက် 3 နှစ်အရွယ်မှာကတည်းက ပန်းချီပညာကို စတင်လေ့လာခဲ့ပါတယ်။ အသက် 12 အရွယ်မှာတော့ ခွဲစိတ်မှုပြုလုပ်ခဲ့ရလို့ ပန်းချီဆွဲခြင်းကို ရပ်ဆိုင်းခဲ့ရပါတယ်။ အသက် 14 နှစ်အရွယ်မှာ ပန်းချီကို ပြန်ဆွဲနိုင်ခဲ့ပြီး၊ လက်ရာတွေ သေသပ်ကောင်းမွန်လာလို့ ခိုင်မာတဲ့ ၀င်ငွေတစ်ရပ်နဲ့ ရပ်တည်လာနိုင်ခဲ့ပါတယ်။

READ
ခွဲစိတ်ရင်း ဗိုက်ထဲမှာ မေ့ကျန်ခဲ့တဲ့ ကတ်ကြေးကို (၁၈)နှစ်ကြာမှ ပြန်လည်ခွဲစိတ်ဖယ်ရှား

Mariusz ရဲ့ပန်းချီလက်ရာတွေကို သဘောကျလို့ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ တရုတ်နိုင်ငံတွေကပင် မှာယူနေရသည်အထိ အောင်မြင်ခဲ့ပါတယ်။ သူဟာ Portrait ပန်းချီဆွဲနည်း VCD အခွေတွေကိုလည်း  ရောင်းချနိုင်ခဲ့ပါတယ်။ သူဟာ အသက် 15 နှစ်အရွယ်ထိ ကိုယ်တိုင်လေ့လာခဲ့ပြီး၊ ယင်းနောက်မှာတော့ The E. Geppert Academy of Art and Design ကျောင်းကနေ ဘွဲ့ရခဲ့ပါတယ်။

2013 ခုနှစ်မှာတော့ Mariusz ဟာ ဗီယင်နာမြို့၊ ကမ္ဘာ့အကောင်းဆုံးပန်ချီးပညာရှင်ဆု(ဒုတိယ)ဆုကို ရယူနိုင်ခဲ့ပါတယ်။ သူက ” ဒုက္ခိတလို့ ဆိုလိုက်တာနဲ့ ခင်များတို့က ကိုယ်ပိုင်ဘ၀ရပ်တည်မှု မရှိဘူးလို့ ထင်မြင်ယူဆနေပါလိ့မ်မယ် … ကျနော်ကတော့ ခိုင်မာတဲ့ ၀င်ငွေနဲ့ ရပ်တည်နေနိုင်တဲ့ ဒုက္ခိတတစ်ယောက်ပါ “လို့ ပြောခဲ့ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

READ
လှပတဲ့ရုပ်အဆင်းကြောင့် ရေခဲမုန့် လက်မလည်အောင်ရောင်းရတယ်ဆိုတဲ့ ဈေးသည်မလေး

source : rachfeed.com

SHARE