မိုင်(၅၀၀)ခရီးနှင်ပြီး မကောင်းတဲ့ Reviewပေးတဲ့ ဖောက်သည်ကို သွားရိုက်ခဲ့တဲ့သူဌေး

ကုန်အမှာပစ္စည်းနောက်ကျတာနဲ့ပတ်သက်ပြီး မကောင်းတဲ့ review ပေးခဲ့တဲ့ဈေးဝယ်သူမိန်းမတစ်ယောက်ကို ပိုင်ရှင်သူဌေးကရိုက်နှက်ပြီးမြေပေါ်ကျတဲ့အထိ ကန်ကြောက်ခဲ့တဲ့အကြောင်း သိရပါတယ်။

(Image: AsiaWire)

CCTV ကင်မရာတွေထဲတွေ့ရတာကတော့ ဈေးဝယ်သူအမျိုးသမီးအမည်မှာ Xiao Li ဆိုသူဖြစ်ပြီး အမျိုးသားတစ်ယောက်ကသူမကိုကန်ကြောက်နေတာပါ။ တိုက်ခိုက်သူအမျိုးသားဟာ Mr Zhang အမည်ရပြီး အွန်လိုင်းဈေးဝယ်ကုမ္ပဏီပိုင်ရှင်ဖြစ်ကြောင်းသိရပါတယ်။

(Image: AsiaWire)

Miss Li ကသူမမှာယူထားတဲ့ပစ္စည်းဟာ(၄)ရက်တောင် နောက်ကျတယ်ဆိုပြီး ရေးသားခဲ့တာပါ။ ဒါကိုသူဌေးကမကျေနပ်ပဲ မိုင်(၅၀၀)ခရီးသွားပြီး သူမကိုလက်သီးနဲ့ထိုးကာ မြေပေါ်ပုံလဲကျတဲ့အထိ ကန်ခဲ့တာဖြစ်ပါတယ်။

(Image: AsiaWire)

ရက်စက်စွာရိုက်နှက်ကန်ကြောက်ခဲ့တာတွေကြောင့် ထိုဒဏ်ရာရအမျိုးသမီးကိုဆေးရုံပို့ပေးခဲ့ကြောင်း သိရှိရပါတယ်။ အမျိုးသမီးက Mr Zhang စာသူမနဲ့မိုင်(၅၀၀)ခရီးဝေးတဲ့ Suzhou ကနေညတွင်းချင်း သူမကိုသင်ခန်းစာပေးဖို့လာနေကြောင်း စာပို့ခဲ့တယ်လို့ဆိုပါတယ်။ ရဲတွေကတော့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးထပ်မံစစ်ဆေးနေကြောင်း သိရှိရပါတယ်။

(Image: AsiaWire)

လင်းလင်း (ShweMom)

SHARE