CR7 ကို ပေါ်တူဂီလိုပြောလို့ အလှောင်ခံခဲ့ရတဲ့ ကောင်လေး နိုင်ငံ့လက်ရွေးစင်ဖြစ်လာ

twitter/ryo_tama0510 youtube/国境なきアスリート

၂၀၁၄ခုနှစ်တုန်းက ဂျပန်လူမျိုးကောင်လေးတစ်ယောက်ဟာ Cristiano Ronaldo နဲ့ပေါ်တူဂီစကားပြောဖို့ကြိုးစားရင်း သတင်းထောက်တွေရဲ့ လှောင်ရယ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အခုဆိုရင်တော့ အဲ့ဒီကောင်လေးဟာ ဂျပန်နိုင်ငံရဲ့လက်ရွေးစင် ဘောလုံးချန်ပီယံတစ်ယောက်ဖြစ်နေပါပြီ။ Ryota Iwaoka ဟာ လွန်ခဲ့တဲ့ (၇)နှစ်တုန်းက Ronaldo ပြောရေးဆိုခွင့်ရှိတဲ့ အလှကုန်ပစ္စည်း Facial Fitness Pao ရဲ့သတင်းစာရှင်းလင်းပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။

Iwaoka ဟာ ဘောလုံးစူပါစတား Ronaldo နဲ့ အမေးအဖြေကဏ္ဍထဲ စကားပြောခွင့်ရတဲ့ လူသုံးဦးထဲက တစ်ဦးအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ တစ်သက်မှာ တစ်ခါရခဲတဲ့အခွင့်အရေးကိုလက်မလွှတ်ချင်တဲ့အတွက် Iwaoka ဟာ သူ့ရဲ့ဂျပန်-ဘရာဇီးလူမျိုးနည်းပြကို ပေါ်တူဂီစကားနဲ့ သူပြောချင်တာလေးမေးဖို့ စာစီခိုင်းလိုက်ပါတယ်။ “ခင်ဗျားက ကျွန်တော့်အကြိုက်ဆုံးကစားသမားပါ။ ခင်ဗျားနဲ့အတူတူ ကစားချင်ပါတယ်။ ဒါကြောင့် ကျွန်တော် ပရိုဖက်ရှင်နယ်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။” ဆိုပြီးတော့ပါ။

READ
ဖျက်ခံရတော့မယ့် နှစ်(၁၅၀)သက်တမ်းရှိ ဘားဆိုင်လေးကို ကယ်တင်ခဲ့ကြတဲ့ဒေသခံများ

Iwaoka ဟာ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် သူ့ idol ရှေ့ရောက်တဲ့အခါမှာတော့ စကားထွက်ဖို့ကို မနည်းရုန်းကန်ခဲ့ရပါတယ်။ Q&A ပိုင်းမှာတော့ လူအုပ်ကြီးက Iwaoka ကိုကြည့်ကာ ရယ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ Ronaldo က ချက်ချင်းပဲ Iwaoka ကို “သူတို့ ဘာလို့ ပြုံးနေရတာလဲ” ဆိုပြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။ “မင်း ပေါ်တူဂီစကားပြောတာကောင်းတယ်။ အရမ်းကောင်းတယ်။ မင်း အရမ်းကြိုးစားထားလို့ သူတို့တွေပျော်သင့်တယ်။”

Iwaoka ဟာ Ronaldo ရဲ့ အားပေးစကားတွေကိုဘယ်တော့မှမမေ့ခဲ့ပါဘူး။ “ကိုယ့်ကိုကိုယ်ယုံကြည်၊ အလုပ်ကြိုးစား၊ အခွင့်အရေးလာခဲ့ရင် လက်မလွှတ်စေနဲ့။” ဆိုပြီးတော့ဖြစ်ပါတယ်။ Iwaoka ဟာ အလယ်တန်းကျောင်းအရောက်မှာ ပါရမီရှိတဲ့ကွင်းလယ်လူကစားသမားဖြစ်လာခဲ့ပါတယ်။ သူဟာ Yamanashi Gakuin တက္ကသိုလ်မှာ ကျောင်းတက်ခဲ့ပြီး တက္ကသိုလ်ဒုတိယနှစ်မှာပဲ ဘောလုံးအဖွဲ့ရဲ့ A team ထဲ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ Yamanashi Gakuin ဟာ ၂၀၂၀ခုနှစ်မှာကျင်းပတဲ့ အမျိုးသားဗိုလ်လုပွဲအတွက် အရည်အချင်းပြည့်မှီခဲ့ပါတယ်။ Iwaoka တို့အဖွဲ့ဟာ နောက်ဆုံးဗိုလ်လုပွဲမှာတော့ Aomori Yamada အမည်ရတဲ့ အဖွဲ့ကိုအနိုင်ရပြီး နိုင်ငံ့အကောင်းဆုံးလက်ရွေးစင်အဖွဲ့ ဖြစ်လာခဲ့ကြောင်းလည်း nextshark အရ သိရပါတယ်။

READ
နို့ချိုမတိုက်ကျွေးနိုင်တဲ့ ဇနီးသည်ကိုယ်စား မွေးကင်းစ ရင်သွေးလေးကို နို့တိုက်ကျွေးခဲ့တဲ့ ဖခင်

ShweMom

SHARE