10 ပေအမြင့် နံရံကို ဘာအကူအညီမှမပါဘဲ အလွယ်တကူတက်ပြခဲ့သည့် 3 နှစ်သားလေး

နံရံတို့ ဓာတ်တိုင်တို့ဆိုတာ အတော်လေး တက်ရခက်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဓာတ်တိုင်ပေါ် တက်မယ်ဆိုရင်လည်း ခြေ
ထောက်တွေ လက်တွေမှာ ကုပ်အားကောင်းတဲ့ ကိရိယာတွေ၊ ချိန်းကြိုးတွေနဲ့ တက်မှ အဆင်ပြေပါတယ်။ နံရံတို့ ဗြက်
ကျယ်တဲ့ အုတ်တိုင်တွေကိုကျတော့ ခေတ်မီပစ္စည်းကိရိယာတွေ ပါတယ်ဆိုရင်တောင်မှ တက်ဖို့ မလွယ်ပါဘူး။

ဒါပေမယ့် ဆယ်ပေအမြင့်အုတ်နံရံကို အသက် 3 နှစ်အရွယ် ကောင်လေးကတော့ အလွယ်တကူ တက်ပြခဲ့ပါတယ်။ သူဟာ အီရန်နိုင်ငံမှဖြစ်ပြီး Arat Hosseini လို့ အမည်ရပါတယ်။ သူ့ကို နောက်ထပ် ဆယ်နှစ်လောက်သာ ကောင်းကောင်းလေ့
ကျင့်ပေးရင် အနာဂတ်မှာ အတော်ဆုံး Gymnastics တောင် ဖြစ်လာနိုင်ပါတယ်။

Arat ရဲ့ မိဘတွေကတော့ Mohamad နဲ့ Fatemeh တို့ ဖြစ်ကြပြီး Mazandaran Province မှာတည်ရှိတဲ့ Babol မှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့အပြောအရ Arat ဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ရတာကို ၀ါသနာပါပြီး၊ အလွန်တက်ကြွ ထက်မြတ်ကြောင်း၊ ခန္ဓာကိုယ်ကလည်း မျက်မြင်အတိုင်းပင် ကျစ်လစ်နေကြောင်း၊ ဒါပေမယ့် တစ်ရက်ကို 10 ကြိမ်မှ အကြိမ် 20 အထိသာ လေ့ကျင့်ခန်းလုပ်ဖို့ ခွင့်ပြုထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

READ
(၁၅)နှစ်ကြာကဆုံးပါးခဲ့တဲ့ ဖခင်ဖြစ်သူစီးခဲ့တဲ့ကားကို လက်ဆောင်ပြန်ရခဲ့တဲ့ သား

ညီလင်းထက် (Shwemom)

source : mirror.co.uk

SHARE