ကျဆုံးသွားတဲ့ချစ်သူရဲသား မရှိတော့ပေမယ့် မင်္ဂလာပွဲကို တစ်ဦးတည်းကျင်းပခဲ့သူ

သေခြင်းတရားဆိုတာ အချိန်မရွေး ရောက်လာနိုင်တဲ့ သက်ရှိသတ္တဝါတို့အတွက် အမေ့ခံဧည့်သည်ကြီးတစ်ယောက်ပါ။ သူ့ကို ဘယ်လောက်ပဲ သက်ရှိသတ္တဝါတွေက သူ့ကိုဘယ်လောက်ပဲမေ့မေ့ သူသတိတရအရှိခံရတဲ့သူကိုတော့ သူက ဝတ္တရားကျေပွန်စွာ အပြီးတိုင်ခေါ်သွားလေ့ရှိတဲ့ အိမ်ရှင်ကြီးလည်း ဖြစ်သွားနိုင်ပါတယ်။

အခုလည်း ဒီလိုပါဘဲ။ အရာအားလုံး မြဲမှမမြဲကြတာ။ ရဲတပ်ကြပ်ကြီး ဆာဂျင် Collin ဟာ သူရဲ့ချစ်သူ Nikki Salgot နဲ့ ပြီးခဲ့တဲ့အောက်တိုဘာလက လက်ထပ်ဖို့ စီစဉ်ထားသူ ဖြစ်ပါတယ်။ Collin ဟာ (၂၀၁၆) ခုနှစ်က Nikki ကို လက်ထပ်ခွင့်တောင်းခဲ့သူဖြစ်ပါတယ်။

Collin ဟာ အမေရိကန် မီချီဂန်၊ Detroit မြို့မှာတည်ရှိတဲ့  Wayne State University Police Department ရဲတပ်ဖွဲ့မှာ အကြပ်ရာထူးမှ တပ်ကြပ်ကြီးဖြစ်လာသည်အထိ ကြိုးစားခဲ့သူပါ။ လက်ထပ်ခွင့်တောင်းပြီး မကြာမီ (၂၀၁၆)ခုနှစ် နိုဝင်ဘာလမှာ ကားသူခိုးတစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်စဉ် တရားခံရဲ့လက်ချက်နဲ့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

READ
စာရေးဆရာတွေကို သူ့အိမ်ကြီးဆီလာပြီး အနားယူဖို့ ဖိတ်ခေါ်နေတဲ့ Stephen King

Collin ဟာ နိုဝင်ဘာ (၂၃)ရက်နေ့မှာ ဆေးရုံမှာပင် ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက်(၂၉)နှစ်သာ ရှိပါသေးတယ်။ ချစ်သူအမျိုးသား နိုင်ငံအတွက် အသက်ပေးသွားပေမယ့် ကျန်ရစ်ခဲ့တဲ့ Nikki ကတော့ မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့ပါတယ်။ မင်္ဂလာပွဲကျင်းပတယ်ဆိုတာထက် သူမတစ်ဦးတည်း Wedding ဓာတ်ပုံတွေ အရိုက်ခံခဲ့တာပါ။

လက်ထဲမှာ ချစ်သူအမျိုးသားရဲ့ အသုံးအဆောင်တွေကို ကိုင်ဆောင်ဂုဏ်ပြုရင်းပေါ့။ သူမရဲ့ ဓာတ်ပုံတွေကို မှတ်တမ်းတင်ပေးခဲ့သူကတော့ ပါရမီရှင်တက်သစ်စ ဓာတ်ပုံဆရာမ Rachel Heller ဖြစ်ပြီး၊ သူမရဲ့ ဓာတ်ပုံပညာနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ရိုက်ချက်တွေ၊ တည်ငြိမ်တဲ့ Nikki ရဲ့ အလှတို့ပေါင်းစပ်ပြီးနောက်၊ အဖော်မဲ့သူတစ်ယောက်ရဲ့ မင်္ဂလာပွဲဟာ ထင်တားတာထက် ပိုပြီးတိတ်ဆိတ်နေမယ်ဆိုတာ အသေအချာပါဘဲ။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE