သွေးကင်ဆာကိုသုံးကြိမ်တိုင်တိုက်ခိုက်ခဲ့ပြီး ကွယ်လွန်သွားတဲ့သုံးနှစ်အရွယ်ကလေးငယ်

သွေးကင်ဆာရောဂါနဲ့သူတင်ကိုယ်တင် သုံးကြိမ်အထိ တိုက်ခိုက်ခဲ့တဲ့ကလေးငယ်ဟာ သုံးနှစ်
အရွယ်မှာ သေဆုံးသွားပြီ ဖြစ်ပါတယ်။ ကလေးငယ် သေဆုံးသွားပေမယ့် မိဘနှစ်ပါးနဲ့ ဆွေးမျိုး
သားချင်းတွေကတော့ သူ့ရဲ့ သတ္တိရှိမှုနဲ့ ခံနိုင်ရည်အတွက် ဂုဏ်ယူနေကြပါတယ်။

2

အကြောင်းကတော့ Kai Laidlaw လို့ အမည်ရတဲ့ ဒီကလေးငယ်လေးဟာ ရှစ်လသားအရွယ်မှာ
စတင်ခံစားခဲ့ရပြီး သူ့ရဲ့ဆွေမျိုးသားချင်းတွေရဲ့ ထောက်ပံ့ငွေ ဆေးကုသစာရိတ် ယူရိုတစ်သောင်း
လောက် ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပြင်းထန်လှတဲ့ ရောဂါကို အသက်အရွယ်နုနယ်လှတဲ့ ကလေး
ငယ်တစ်ယောက် ခံနိုင်ရည်နဲ့ ဘယ်လိုမှ ကြာရှည်တောင့်ခံလို့ မဖြစ်နိုင်တော့ဘဲ အပြင်းအထန်
ဖျားပြီး သေဆုံးခဲ့ပါတယ်။

3

သူ့အတွက် တင်ထားတဲ့ Kai Laidlaw အမည်ရှိတဲ့ Facebook Account တစ်ခုမှာတော့ ၀မ်းနည်း
ဖွယ်ရာ နှုတ်ဆက်စကားတွေနဲ့ ကိုယ်စားနှုတ်ဆက်ပေးထားပြီး အင်တာနက်ပေါ်မှာ ပျံနှံ့နေခဲ့ပါတယ်။
၎င်းင်းနှုတ်ဆက်စကားထဲမှာ အချို့ကို ထုတ်နှုတ်ရလျှင် “ကျွန်တော် အဆုတ်မှာ ရောဂါပိုးတွေ ပျံ့နှံ့နေ
ပါပြီ … ဦးဦးသွေးကင်ဆာကတော့ ကျွန်တော့် သွေးတွေထဲကို နေရာယူနေပါပြီ။ ကျွန်တော် တိုက်ခိုက်
နေဆဲပါ … ဦးဦးသွေးကင်ဆာနဲ့ တစ်ဦးချင်း စီးချင်းထိုးလျှက်ပါ … ဒါပေမယ့် ကျွန်တော် သိပ်ပင်ပန်း
နေပါပြီ ”လို့ ၀မ်းနည်းဖွယ် ဖော်ပြထားပါတယ်။

READ
အခြေချမယ့်လူသစ်တွေကို မျှော်နေရှာတဲ့ လူ(၃၀)ဝန်းကျင်သာရှိတဲ့ စကော့တလန် ကျွန်းရွာလေး

ဆွေးမျိုးသားချင်းတွေကလည်း အသက်သုံးနှစ်အရွယ် Kai Laidlaw အတွက် “သားရေ … မင်းက
ငါ့အသည်းနှလုံးကို တို့ထိစော့ကစားခဲ့တယ်ကွယ် … မင်းရဲ့ဘ၀ရှင်သန်ဖို့ မင်းဟာ နေ့စဉ်နဲ့အမျှ
တိုက်ခိုက်နရတော့တာပဲနော် … မင်းဟာ သိပ်ကို သတ္တိရှိပြီးရဲရင့်တဲ့ ကောင်လေးပါဘဲကွယ် …
ကောင်းကင်ဘုံမှာ ပျော်ပါစေ ”ဟု တစ်မျိုး၊ “အေးအေးဆေးဆေး အနားယူပေတော့ Kai ”
“ကောင်းမွန်စွာ အိပ်စက်ပါ ကလေးရယ် … မင်းဟာ စစ်သားပေါက်စလေးပါဘဲ … မင်းဟာ ငါတို
နှလုံးသားထဲမှာ အမြဲရှိနေမှာပါဟု ”စသည့် နှုတ်ဆက်စာများ ပို့ခဲ့ကြပါတယ်။

Myanmar Online Media

Source: mirror

SHARE