တရားမဝင်ငွေတစ်ချို့ကို မတော်တရော်နေရာထဲမှာထည့်ပြီး ဖွက်ထားခဲ့တဲ့ နိုင်ငံရေးသမား

[email protected]

နိုင်ငံရေးလောကဟာ မနေတတ်ရင် အရမ်းအန္တရာယ်များတဲ့ နေရာတစ်နေရာဖြစ်သလို ကိုယ်ပြုလုပ်သမျှအရာတွေ၊ ကိုယ့်ရဲ့ လုပ်ရပ်တွေကိုလည်း အရမ်း သတိထားရပါတယ်။ အခုလည်း ဘရာဇီးနိုင်ငံက နိုင်ငံရေးသမားတစ်ယောက်ဟာ မကောင်းတဲ့ သတင်းတွေ ထွက်နေတဲ့အပြင် ငွေးကြေးခဝါချမှုတွေလည်း ရှိနေတယ်ဆိုပြီး ဘရာဇီးနိုင်ငံရေးလောကမှာ တော်တော်လေး နာမည်ကျော်ကြားနေပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ ဘရာဇီးရဲတပ်ဖွဲ့ဝင်တွေဟာ အဆိုပါနိုင်ငံရေးသမားရဲ့ အိမ်ကို ရုတ်တရက်ဝင်ရောက် ရှာဖွေခဲ့ရာ အဆိုပါ နိုင်ငံရေးသမားဟာ သူ့ရဲ့တရားမဝင်ငွေစက္ကူတစ်ချို့ကို သူ့ခန္ဓာကိုယ်ရဲ့ မတော်တရော်နေရာထဲမှာ ထည့်ဖွက်ထားတာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Thesouthafrican သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ နိုင်ငံရေးသမားကတော့ Chico Rodrigues လို့ အမည်ရတဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ဘရာဇီး သမ္မတ Jair Bolsonaro ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဆိုလည်း မမှားပါဘူး။ Chico ဟာ ငွေရေးကြေးရေး အရှုပ်အရှင်းတွေနဲ့ ပတ်သတ်ပြီး နာမည်အရမ်းထွက်နေသလို ငွေကြေးခဝါချမှုတစ်ချို့မှာပါ ပါဝင်ပတ်သတ်နေကြောင်း သတင်းတွေ တောက်လျှောက်ထွက်နေခဲ့ပါတယ်။

READ
ပုံမမှန်တဲ့ရင်သားကြောင့် ခွဲစိတ်မှုခြောက်ကြိမ်အထိလုပ်ခဲ့ရတဲ့မော်ဒယ်လ်

ဒါ့ကြောင့် နောက်ဆုံးမှာတော့ ဘရာဇီးရဲတပ်ဖွဲ့က Chico ရဲ့ နေအိမ်ကို ရုတ်တရက် ဝင်ရောက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်တဲ့ အချိန်မှာတော့ Chico ဆီကနေ မထင်မှတ်တဲ့ အရာတစ်ခု ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ဘရာဇီး စက္ကူငွေ Reais 30,000 ကို Chico ရဲ့ တင်ပါးအနောက်မှာ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

 

“ကျွန်တော်တို့ ရုတ်တရက်ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာ Chico ပုံစံက တော်တော်လေးကို မူမမှန်တာပဲဗျ။ သူ့ပုံစံက တစ်ခုခုကို ဝှက်ထားလို့ ထိတ်လန့်နေရတဲ့ ရုပ်မျိုးဗျ။ ဒါ့ကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ကို စပြီး စစ်ဆေးတော့ ဘောင်းဘီအနောက်မှာ မသင်္ကာစရာတွေ့ခဲ့ရပါတယ်။ နောက်ဆုံးဘောင်းဘီကို ချွတ်လိုက်တော့မှ တင်ပါးနဲ့ အနောက်ဖက်မှာ ငွေစက္ကူတွေ ဖွက်ထားတာတွေ့ခဲ့ရပါတယ်။ အနည်းဆုံးတော့ Reais 30,000 လောက်တော့ ရှိပါမယ်။ အခုတော့ Chico ကို ဖမ်းဆီးထားပြီး တစ်ခြားအမှုတွေကိုပါ ဆက်လက်စစ်ဆေးနေပါတယ်”လို့ ဘရာဇီးရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

READ
ကိုဗစ်ကာလအတွင်း Call of Duty ဆော့ရင်းဖူးစာဆုံခဲ့တဲ့ စုံတွဲ

Pyi Hein Kyaw

SHARE