အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံးဆေးဝါးထုတ်လုပ်တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေဖြစ်တဲ့ Covaxin နဲ့ Covishield တို့ကိုထုတ်လုပ်ပြီး ဘရာဇီး၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ မော်ရိုကို၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တခြားနိုင်ငံတော်တော်များများကိုပို့ဆောင်နေပါတယ်။
ဒါကြောင့် ဘရာဇီးသမ္မတ Jair Bolsonaro ကတော့ ကိုဗစ်ကာကွယ်ဆေးပေးပို့ခဲ့တဲ့ အိန္ဒိယနိုင်ငံကို ကျေးဇူးတင်ကြောင်း တွစ်တာပေါ်ရေးသားခဲ့တာကို storypick သတင်းအရ သိရပါတယ်။ ဘရာဇီးသမ္မတဟာ အရှင်ဟာနုမန်က ကာကွယ်ဆေးကို နယ်စပ်တွေဖြတ်ကျော်ပြီး သယ်လာနေတဲ့ပုံကိုပါ ရေးဆွဲထားခဲ့တာဖြစ်ပါတယ်။
View this post on Instagram
“ဘရာဇီးနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းကိုဖြေရှင်းဖို့ ပါတနာကောင်းရတာ ဂုဏ်ယူမိပါတယ်။ အိန္ဒိယကနေ ဘရာဇီးကို ကာကွယ်ဆေးတွေတင်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်။” လို့ သမ္မတကရေးသားထားခဲ့ပါတယ်။
View this post on Instagram
ရာမာယနထဲမှာတော့ အရှင်ဟာနုမန်ဟာ Sanjeevani Booti ကိုယူဆောင်ပေးဖို့ တာဝန်ပေးအပ်ခြင်းခံလိုက်ရပါတယ်။ Sanjeevani Booti ဆိုတာကတော့ Lanka က တိုက်ပွဲမှာ Lakshman ဒဏ်ရာရတော့ Dronagiri တောင်ကယူလာရမယ့် အသက်ကယ်ဆေးပင်ဖြစ်ပါတယ်။ ဒါပေမဲ့ အရှင်ဟာနုမန်က ဆေးပင်ကိုရှာမတွေ့တာကြောင့် တောင်ကြီးတစ်တောင်လုံးကိုပါသယ်ပြီး ပြန်လာခဲ့တာဖြစ်ပါတယ်။ ဘရာဇီးသမ္မတရဲ့ အိန္ဒိယနိုင်ငံအပေါ်ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့ပုံစံကတော့ တကယ်ပဲချစ်စရာကောင်းနေပါတော့တယ်။
– Namaskar, Primeiro Ministro @narendramodi
– O Brasil sente-se honrado em ter um grande parceiro para superar um obstáculo global. Obrigado por nos auxiliar com as exportações de vacinas da Índia para o Brasil.
– Dhanyavaad! धनयवाद pic.twitter.com/OalUTnB5p8
— Jair M. Bolsonaro (@jairbolsonaro) January 22, 2021
ShweMom