သ၀န်တိုစိတ်များလွန်းတဲ့ ခင်ပွန်းကြောင့် အဖြစ်ဆိုးခဲ့ရတဲ့ ဘရာဇီးလ် TikTok ဆယ်လီ

Tiktok- Eliane Ferreira Siolin

သူမနာမည်ကတော့ Eliane Ferreira Siolin ပါ။ အသက်ကတော့ ၃၅ နှစ်ရှိနေပါပြီ။ သူမဟာ Instagram နဲ့ Tiktok တို့ပေါ်မှာ နာမည်ကြီးနေတဲ့ဆယ်လီတစ်ယောက်ပါ။ ရုပ်ကလေးကလည်းလှ၊ ခန္ဓာကိုယ်လေးကလည်းလှတဲ့အတွက်ကြောင့် ကြော်ငြာရိုက်ကူးမှုတွေလည်း အများကြီးလက်ခံနေခဲ့ရပါတယ်။

@elianesiolin♬ som original – Gio Lucca

ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကတော့ Eliane တစ်ယောက် သေဆုံးသွားပြီဆိုတဲ့သတင်းတွေ တက်လာခဲ့ပါတယ်။ အသတ်ခံရတာပါတဲ့။ သတ်တဲ့သူကလည်း သူမရဲ့ အမျိုးသားဖြစ်နေခဲ့ပါတယ်။

@elianesiolin♬ Your Body – Cat Dealers Radio Edit – Tom Novy & Cat Dealers

News. AU ရဲ့ဖော်ပြချက်အရ ဘရာဇီးမှ influencer အမျိုးသမီးတစ်ယောက်ဟာ သူမခင်ပွန်းရဲ့ သေနတ်နဲ့ပစ်သတ်ခြင်းကို ခံခဲ့ရကာ သေဆုံးသွားခဲ့ပါတယ်တဲ့။ Eliane တစ်ယောက် Tiktok ရိုက်နေစဉ်အတွင်းမှာပဲ ခင်ပွန်းသည်ဟာ ရုတ်တရက် သေနတ်နဲ့ ၁၄ ချက်တိတိ ပစ်ခဲ့တာပါ။

နောက်တော့ သူ့ကိုယ်သူလည်း အဆုံးစီရင်သွားခဲ့တာပါ။ အဖေက အမေ့ကို သေနတ်နဲ့ ၁၄ ချက်ပစ်သတ်ပြီး ကိုယ်တိုင်လည်း အဆုံးစီရင်သွားခဲ့တဲ့ မြင်ကွင်းကို ၆ နှစ်သမီးလေးက ကိုယ်တိုင်မြင်တွေ့သွားခဲ့ပါသေးတယ်။ သေနတ်သံကြားတဲ့ အိမ်နီးချင်းတွေကကြားပြီးတော့ သက်ဆိုင်ရာကိုအကြောင်းကြားခဲ့တာပါ။ Eliane နဲ့ ခင်ပွန်းသည်ကတော့ အသက်မရှိတော့ပါဘူး။ လက်တလော သမီးလေးကိုတော့ သက်ဆိုင်ရာကပဲ စောင့်ရှောက်ထားခဲ့ပါတယ်။

Tiktok- Eliane Ferreira Siolin

သတ်ရတဲ့အကြောင်းရင်းကတော့ Eliane တစ်ယောက် ဖော်ရော်ပြီး ဓာတ်ပုံတွေရိုက်၊ ဗီဒီယိုတွေကိုရိုက်နေတာကို အစကတည်းက ခင်ပွန်းဖြစ်သူက သဘောမကျတာပါတဲ့။ သဘောမကျကြောင်းပြောပေမယ့်လည်း ဒါဟာ သူမရဲ့ ငွေဝင်လမ်းကြောင်းဖြစ်တာကြောင့် လွှတ်ထားခဲ့ပါတဲ့။ ဒါပေမဲ့ အဲဒီနေ့က သူမ Tiktok ရိုက်နေတဲ့ပုံကိုကြည့်ပြီး စကားများကာ စိတ်မထိန်းနိုင်တဲ့အဆုံး အခုလိုလုပ်ရပ်ကို ကျူးလွန်ခဲ့တာဖြစ်ဟန် တူတယ်လို့  ကောက်ချက်ချခဲ့ပါတယ်။

READ
မသေခင်ရင်းနှီးသူတွေကိုနှုတ်ဆက်ဖို့ ပါတီကျင်းပခဲ့တဲ့အမျိုးသမီး

 

@elianesiolin♬ som original – Patrícia Ramos

penny

SHARE