အဆန်းထွင်ပြီး သတို့သမီးကို လူနာတင်ကားနဲ့ ခေါ်ဆောင်ခဲ့လို့ ဝေဖန်မှုတွေခံနေရတဲ့ စုံတွဲ

Pixabay/Flickr

အဆန်းထွင်တယ်ဆိုတာ တစ်ခါတလေမှာတော့ ကြည့်ကောင်းပြီး၊ တစ်ခါတရံမှာတော့ အပိုအလုပ်တွေ လုပ်တယ်၊ အကဲပိုတယ်၊ အဖြစ်သည်းတယ်လို့ အထင်ခံရစေပါတယ်။ တစ်ခါတလေမှာတော့ ကျင့်ဝတ်တွေ စည်းမျဉ်းတွေကို အတ္တကြီးစွာ ချိုးဖောက်တယ်လို့ အများပြည်သူက မြင်တတ်ပါတယ်။

အခုလည်း လူမှုကွန်ရက် Facebook Page တစ်ခုဖြစ်တဲ့ Jengka Today အမည်ရ Page မှာ လက်ထပ်ပွဲဆင်နွှဲခဲ့တဲ့ သတို့သားသတို့သမီးအသစ်စက်စက် စုံတွဲတစ်တွဲအကြောင်း ဖော်ပြထားပြီး ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေ များစွာခံနေရတယ်လို့ သိရပါတယ်။

သူတို့ဟာ လူနာတင်ကားကို အဆန်းထွင်အသုံးပြုပြီး အခုလို လုပ်ဆောင်ခဲ့တာပါ။ တော်တော်များများ ဝေဖန်သူတွေကတော့ လူနာတင်ကားဆိုတာ တစ်ခြားပုဂ္ဂိုလ်ရေးအတွက် အသုံးပြုဖို့မသင့်ကြောင်း၊ နောက်ပြီး အခုလို ကိုယ်ကျိုးအတွက် သယ်ယူပို့ဆောင်ရေးမျိုးကို ပိုပြီးတော့တောင် မလုပ်သင့်ဘူးလို့ ထောက်ပြခဲ့ကြပါတယ်။

READ
မသေခင်အချိန်လေးမှာ သမီးကိုရအောင်ကယ်တင်ခဲ့တဲ့မိခင်
Pixabay/sk

အခြားဝေဖန်သူတွေကတော့ လူနာတင်ကားကို အရေးပေါ်အခြေအနေမဟုတ်တဲ့ အခြားပုဂ္ဂိလိက  အရေးအရာကိစ္စရပ်တွေ အတွက် အသုံးမပြုသင့်ဘူးလို့ ထောက်ပြခဲ့ကြပါတယ်။ ဒီလို ဝေဖန်သံတွေ ကျယ်လောင်လာတဲ့အခါမှာတော့ သတို့သားဘက်က သူတို့ဟာ ဒီကားကို အခုလိုပုံစံနဲ့ သုံးတာ မမှားယွင်းဘူးလို့ ပြောခဲ့ပါတယ်။

သတို့သားက သူတို့ဟာ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ကားတစ်စီးကို ငှားရမ်းအသုံးပြုခဲ့တာဖြစ်ပြီး၊ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာ အသုံးပြုနေတဲ့ ကားများမဟုတ်ကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။ ကားကလည်း သူတို့လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ နေရာကနေ လှည့်ပြန်သွားကြောင်း၊ အမုန်းစကား မှတ်ချက်တွေ ရေးဖို့မလိုဘူးလို့ ပြောခဲ့ပါတယ်။

အဲဒီသတို့သားဟာ သူကိုယ်တိုင်က ဆေးဘက်က အရာရှိတစ်ဦးဖြစ်လို့၊ အခုလို ထွိတ်လုံးအနေနဲ့ အကူအညီတောင်းခဲ့တာလို့လည်း သိရပါတယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်မယ်ဆိုရင်တော့ ဝန်ကြီးဌာနလက်အောက်မှာ မဟုတ်တဲ့ ပုဂ္ဂလိက လူနာတင်ယာဉ်ဖြစ်စေကာမူ အရေးပေါ်မဟုတ်တဲ့ တစ်ခြားကိစ္စရပ်တွေမှာ ကိုယ်ကျိုးအတွက် အသုံးပြုတာမျိုးက မသင့်တော်တာ အမှန်ပါဘဲ။

လင်းသူရိန်

SHARE