ရေနစ်နေတဲ့ကျောင်းသူကို ကယ်ဖို့ မြစ်ထဲချက်ချင်း ခုန်ဆင်းခဲ့တဲ့ ဗြိတိသျှသံအမတ်

youtube/New China TV

ဗြိတိသျှသံအမတ်ကြီးတစ်ဦးဟာ ရေနစ်နေတဲ့ကျောင်းသူလေးတစ်ဦးကို မြစ်ထဲခုန်ဆင်းပြီးကယ်ဆယ်ခဲ့တဲ့အတွက် ၄င်းရဲ့ရဲစွမ်းသတ္တိကို လူတွေကချီးကျူးနေပါတယ်။ News.sky သတင်းစာမျက်နှာအရ ကျောင်းသူလေးဟာ Chongqing ခရိုင် Zhongshan မြို့ထဲက မြစ်ရေထဲကိုပြုတ်ကျသွားခဲ့တယ်ဆိုပါတယ်။

youtube/New China TV

မြစ်ထဲကျအပြီးမှာ ကျောင်းသူလေးဟာ သတိမေ့သွားခဲ့ပါတယ်။ အနီးပတ်ဝန်းကျင်မှာရှိကြတဲ့ ရပ်ကြည့်သူတွေကတော့ အဆိုပါအသက်၂၄ နှစ်အရွယ် အမည်မသိအမျိုးသမီးလေးကို အော်ခေါ်နေခဲ့တာပါ။ ကျောင်းသူလေးကတော့ မြစ်ထဲမှာ သတိမေ့ပြီး မှောက်ခုံကြီးမျောပါနေတာဖြစ်ပါတယ်။

youtube/New China TV

ဒီအခါမှာပဲ Chongqing ရဲ့သံအမတ်တစ်ဦးဖြစ်တဲ့ မစ္စတာ Stephen Ellison ဟာ တွေ့သွားပြီး ဖိနပ်ချွတ်ကာ မြစ်ထဲကို ခုန်ဆင်းသွားခဲ့ပါတယ်။ အသက် ၆၁နှစ်ရှိပြီဖြစ်တဲ့ အမတ်ကြီးဟာ ကျောင်းသူလေးဆီကို ကူးခတ်သွားကာ ဆယ်လာခဲ့ပါတယ်။ ထို့နောက်မှာတော့ သူ့ဆီကိုပစ်ပေးတဲ့ ရာဘာဘောကွင်းကိုယူပြီး ကျောင်းသူလေးကိုပါဆွဲခေါ်ကာ ကြည့်ရှုသူတွေရှိရာ မြစ်ဘက်ဆီ ပြန်လည်ကူးခတ်လာခဲ့ပါတယ်။ မစ္စတာ Ellison ဟာ ကျောင်းသူလေးကို မြစ်ဘေးက ကျောက်တုံးတွေရှိရာနေရာပေါ်တင်အပြီးမှာတော့ ကျောင်းသူလေးကို အားလုံးက ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။

READ
ရောဂါဆေးစစ်ချက်အတု အွန်လိုင်းပေါ်က ဝယ်ယူပြီး၊ လိမ်လည် ခွင့်ရက်ယူခဲ့တဲ့ အင်္ဂလိပ်ဆရာ

မစ္စတာ Ellison ဟာ Newcastle ဇာတိဖြစ်ပြီး ကျောင်းသူလေးကတော့ ဝူဟန်မှဖြစ်ကာ Chongqing University ကိုတက်ရောက်နေသူဖြစ်ကြောင်းလည်း သိရပါတယ်။

ShweMom

SHARE