စက်ရုပ်တွေနဲ့လက်ထပ်ခြင်းကို ဗြိတိန်နိုင်ငံတွင် လာမယ့်(၃၅)နှစ်အတွင်းမှာပဲ ခွင့်ပြုပေးနိုင်ဖွယ် ရှိတယ်လို့သိရပါတယ်။Sex Robot တွေဟာ လာမယ့်နှစ်လောက်မှာ ဈေးကွက်ထဲဝင် ဖို့ရှိပါတယ် ။ နောက်ပိုင်းကျရင်တော့ ပိုင်ရှင်ဖြစ်သူဟာ စက်ရုပ်အပေါ် မေတ္တာသက်ဝင် သွားနိုင်တာကြောင့် စက်ရုပ်နဲ့လူသားရဲ့ လက်ထပ်ခြင်းကို ခွင့်ပြုပေးတာတွေ ရှိလာတော့မယ်လို့ေ ဒါက်တာ David Levy ကပြောပါတယ်။ဒါပေမယ့်လည်း စက်ရုပ်နဲ့လူသားကြားက အချစ်ကို အသိအမှတ်ပြုပြီး၊ သူတို့နှစ်ဦးကို လက်ထပ်ထိမ်းမြားဖို့ ခွင့်ပြုသင့်၊မပြုသင့်ဆိုတဲ့ အပေါ်မှာတော့ အငြင်းပွားမှုတွေရှိနေ ပါတယ်။
ဒေါက်တာ David Levy ဟာ Love and Sex with Robots ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူပါ။ ဥပဒေပြုရေးဆွဲသူအာဏာပိုင်တွေအနေနဲ့ လူသားနဲ့ စက်ရုပ်တို့ရဲ့ လက်ထပ်ခြင်းကိုခွင့်ပြုပေး သင့်တယ်။sex robots တွေအပေါ် အမြင်ကို ပြောင်းလဲပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။ “စက်ရုပ်နဲ့လူသားကြားက အချစ်ကို လက်ခံပေးလာနိုင်သူ အရေအတွက်ဟာ တစ်စတစ်စပိုများ လာတယ်။ ဒါကြောင့် အစိုးရအာဏာပိုင်တွေဘက်ကလည်း စက်ရုပ်နဲ့လူသားကြားက ဆက်ဆံရေး အပေါ် အလေးထားတဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးသင့်တယ်။ စက်ရုပ်နဲ့လူသားရဲ့ လက်ထပ်ခြင်းကို ခွင့်ပြုပေးဖို့ ကိစ္စမှာ အဓိကအတားအဆီးကတော့ ဘုရားကျောင်းတွေဖြစ်လာမှာပါ” လို့ဒေါက်တာ David Levy ကပြောခဲ့ပါတယ်။
လိင်တူလက်ထပ်ထိမ်းမြားခြင်းဟာ ဘာသာတရားအရ ကန့်ကွက်စရာအကြောင်းပြချက်ဖြစ်ခဲ့ပေ မယ့်၊လူသားနဲ့စက်ရုပ်ကြားမှာတော့ ကန့်ကွက်စရာအကြောင်းပြချက် မဟုတ်ပါဘူးလို့ လန်ဒန်မှာ ကျင်းပခဲ့တဲ့ Love and Sex with Robots conference မှာပြောခဲ့ပါတယ်။ ဒီအပြော တွေကြောင့် ခရစ်ယာန်ဘာသာဝင်တွေဘက်ကနေ ချက်ချင်းဆိုသလို တုံ့ပြန်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ခရစ်ယာန်သီလရှင်တစ်ပါးကတော့ “လူသားတွေကြားက ပတ်သက်ဆက်နွယ်မှုဆိုတာ ကွန်ပျူတာပရိုဂရမ်နဲ့ စစ်တုရင် ထိုးနေတာမျိုးမဟုတ်ပါဘူး။ပြီးတော့ သမ္မကျမ်းစာထဲမှာ လူအချင်းချင်းလက်ထပ်လို့ မရဘူးဆိုတဲ့ တားမြစ်ချက်မပါဘူးလို့” ပြောခဲ့ပြီး ဒေါက်တာ David ရဲ့စကားလုံးကို ပြန်လည်ချေပခဲ့ပါတယ်။
ဒါပေမယ့်လည်း လူသားနဲ့စက်ရုပ်ရဲ့ လက်ထပ်ခြင်းကို အစိုးရဘက်က ပြန်လည်စဉ်းစားပေးသွား မယ့် အနေအထားမှာရှိပါတယ်။”စက်ရုပ်ကလူသားကို လက်ထပ်ဖို့အတွက် လိုအပ်ချက်(၃)ခုပဲလို တယ်။ဒါတွေကတော့ ခွင့်ပြုမှု၊ နားလည်ပေးမှုနဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ ပါ။လက်ထပ်ဖို့ကို ခွင့်ပြုတယ် ဆိုရင် ကွာရှင်းဖို့ကိုလည်း ခွင့်ပြုတဲ့ ဥပဒေဆိုတာလည်းလိုလာမှာပါ” လို့ ဒေါက်တာ David ကပြောခဲ့ပါတယ်။လိင်တူလက်ထပ်ခြင်းထက် ပိုမိုရှုပ်ထွေးတဲ့စက်ရုပ်နဲ့လူသားကြားက အချစ်ကို လူ့အသိုင်းအ၀ိုင်းက နားလည်လက်ခံခွင့်ပြု ပေးနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမယ့် ကိစ္စတစ်ခုပါ။
Reff; the sun