ထိုင်းကလပ်ရဲ့ ဖျော်ဖြေမှုကို ကြည့်ရင်း ဗြိတိန်နိုင်ငံသားတစ်ဦး နှလုံးရောဂါဖောက်ပြီး သေဆုံး

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုအများဆုံး နိုင်ငံတစ်ခုဖြစ် ပါတယ်။ တစ်ခြားဘယ်အရှေ့တောင်အာရှ နိုင်ငံတွေနဲ့မှမတူတဲ့ ထိုင်းနိုင်ငံရဲ့ ထူးခြားချက်ကတော့ အဖော်အ ချွတ်ကလပ်တွေ ရှိနေတာပါ။ ဒီကလပ်တွေဟာ တရားဝင်လည်း မဟုတ် ၊ တရားမ၀င်လည်း မဟုတ်ပဲ ပြဿနာ တစ်စုံတစ်ရာ မတက်မချင်း ဖွင့်ခွင့်ရလေ့ရှိပါတယ်။ ဒါကြောင့်မို့ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်လေ့ရှိတဲ့ နိုင်ငံခြားက ဧည့်သည်အမျိုးသားတိုင်းလိုလိုဟာ အဖော်အချွတ်ကလပ်တွေကို အနည်းဆုံး တစ်ခေါက်လောက် တော့ရောက်အောင် သွားရောက်လည်ပတ်လေ့ရှိပါတယ်။

Stickboybkk

အခုတော့ ဘန်ကောက်မြို့မှာ  အဖော်အချွတ်ကလပ်တွေများတဲ့ Soi Cowboy လမ်းဟာ ပြဿနာတစ်ခု ကြောင့် ပိတ်ရတော့မလို ဖြစ်နေပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့တစ်ပတ် (၁၈.၄.၂၀၁၈)ရက်နေ့က ဗြိတိန် ကမ္ဘာလှည့်ခရီး သွားတစ်ဦးဟာ ကလပ်တစ်ခုထဲက အကမယ်တွေရဲ့ ပြောင်မြောက်လွန်းတဲ့ ဖျော်ဖြေမှုကို ခံစားရင်း ရုတ်တရက် နှလုံးရောဂါဖောက်ပြီး သေဆုံးသွားခဲ့တာပါ။ အမျိုးသားဟာ အသက်(၆၀) ၀န်းကျင် ခန့်ရှိ ပြီး ထိုင်းရဲတွေကတော့ အမျိုးသားရဲ့ နာမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

READ
မုန့်ဆိုင်မှာ တူနဲ့ဓားပြတိုက်ဖို့ကြိုးစားသူရဲ့ ရယ်စရာအဖြစ်အပျက်
Shutterstock

အဆိုပါကလပ်မှာ အလုပ်လုပ်နေတဲ့ မျက်မြင်သက်သေ အမျိုးသမီးကတော့ “ဒီလူကြီးကြည့်ရတာ ပုံမှန်အတိုင်းပါပဲ။ သူက စင်နဲ့ အနီးဆုံးနေရာမှာ ထိုင်တယ်။ သူက ဖျော်ဖြေမှုကို အရမ်းသဘောကျနေပုံလည်းရပါတယ်။ သူ့လက်ထဲမှာတော့ ရဲနံပါတ်တုတ်ပုံစံမျိုး အချောင်းတစ်ချောင်း ကိုင်ထားပါတယ်။ သူဟာ အဲဒါနဲ့ ကစားနေရင်း ရုတ်တရက် ကြမ်းပြင်ပေါ်လဲကျသွားခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးက တော့ အဲဒီအမျိုးသားရဲ့ ခန္ဓာကိုယ်ကို ဆေးရုံမှာ ခွဲစိတ်စစ်ဆေးသွားမှာဖြစ်ပြီး နှလုံးရောဂါနဲ့ သေဆုံးတာဖြစ် ကြောင်းကိုတော့ အတည်ပြုခဲ့ပါတယ်။

Ref : DailyMail , Ladbible

SHARE