နှစ်ပေါင်း(၂၀)ကျော်ကြာပြီးမှ ဘွဲ့ရခဲ့လို့ ပျော်နေတဲ့ မင်းသမီး Bryce Dallas Howard

[email protected]

Jurassic World, Spider Man-3, Lady In The Water အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေနဲ့ အောင်မြင်လာခဲ့တဲ့ Hollywood ရုပ်ရှင်မင်းသမီး Bryce Dallas Howard ကိုတော့ လူတော်တော်များများ သိကြမှာပါ။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့(၂၁.၅.၂၀၂၀)တုန်းက Howard ဟာ အခုအချိန်မှာတော့ သူမဟာ New York တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ကြောင်း သူမရဲ့ Instagram အကောင့်ကနေတင်ခဲ့တယ်လို့ Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CAd4g5HgvsS/

Howard ဆိုတာလဲ တစ်ခြားသူတော့ မဟုတ်ပါဘူး။ အော်စကာဆုရ ဝါရင့်ရုပ်ရှင်ဖန်တီးသူတစ်ယောက်ဖြစ်တဲ့ Ron Howard နဲ့ နာမည်ကြီးစာရေးဆရာမ Cheryl Howard တို့ရဲ့ သမီးလည်း ဖြစ်ပါတယ်။ ဒီလိုနာမည်ကြီး အနုပညာရှင်နှစ်ဦးရဲ့ သွေးသားဖြစ်တဲ့ Howard တစ်ယောက်ဟာလည်း ငယ်စဉ်ကတည်းက အနုပညာပိုးက မသေးခဲ့ပါဘူး။ သူမ အသက် ၂၀ မပြည့်ခင် ၁၉၉၉ ခုနှစ်ကတည်းက သရုပ်ဆောင်လောကကို ခြေစုံပစ် ဝင်လာခဲ့ပြီး အနုပညာအလုပ်ကို တစိုက်မက်မက် လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
ဖွင့်ပွဲတစ်ခုကို အတူတူတက်ခဲ့တဲ့ မိုးမြင့်သဇင်နဲ့ နွယ်နွယ်ထွန်းတို့ ညီအစ်မနှစ်ယောက်

https://www.instagram.com/p/B_8c1oUAmw7/

လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါအခြေအနေတွေကြောင့် Howard တစ်ယောက်ဟာ အိမ်မှာပဲနေပြီး ကျောင်းစာဘက်ကို အာရုံပြန်လှည့်ခဲ့ပါတယ်။ ဒါ့ကြောင့် သိပ်မကြာခင်မှာပဲ တက္ကသိုလ် စာမေးပွဲဖြေဆိုရာမှာ အောင်မြင်ခဲ့ပြီး New York တက္ကသိုလ်က ဘွဲ့တစ်ခုကို ရအောင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မ အသက် ၂၀ မပြည့်ခင် ၁၉၉၉ခုနှစ်တုန်းက New York တက္ကသိုလ်မှာ ကျောင်းတက်ဖို့ အကုန်လုံး လုပ်ပြီးသွားပြီ။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကျောင်းတက်ဖို့လုပ်ပြီး မတက်ဖြစ်လိုက်ဘူး။ အဲဒီအချိန်ကတည်းက စပြီး သရုပ်ဆောင်အလုပ်ကို လုပ်လာခဲ့တာ အခုအချိန်အထိပဲ။ နှစ်ပေါင်း ၂၀ ကျော်ကြာပြီးတဲ့နောက် အခုအချိန်မှ ဘွဲ့ရအောင်ယူဖို့ စဉ်းစားပြီး ပညာရေးဘက်ကို ပြန်လှည့်ဖြစ်လိုက်ခဲ့တာပါ။ အခုတော့ New York တက္ကသိုလ်က ဘွဲ့ရသွားပါပြီ” လို့ Howard က ပြောကြားခဲ့ပါတယ်။

READ
အမိုက်စား ခရီးသွားပုံရိပ်လေးတွေ ထပ်တင်လိုက်တဲ့ နွယ်နွယ်ထွန်း

Pyi Hein Kyaw

SHARE