အသားမယူခဲ့တဲ့ အပြုအမူကြောင့် ချီးကျူးခံနေရတဲ့ BTS မှ Jungkook

BTS ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အမျိုးသား boy band ပါ။BTS မှာ တခြားနာမည်ကောင်းတစ်ခုရှိပါသေးတယ်။ယဉ်ကျေးပြီး ပရိသတ်တွေ အေ ပ်ါမှာ လေးစားတဲ့ အနုပညာရှင်တွေအဖြစ် သတ်မှတ်ခံထားရသူတွေပါ။ မကြာေ သးမီက ကျင်းပခဲ့တဲ့ Billboard Music Awards (BBMA)ပွဲမှာတွေ့ခဲ့ရတဲ့ အဖွဲ့ဝင် Jungkook ရဲ့ အပြုအမှုတစ်ခုနဲ့ပတ်သက်ပြီး လူပြောများနေပါတယ်။

ကိုရီးယားအမျိုးသားအနုပညာရှင်တော်တော်များများဟာ အမျိုးသမီးတွေနဲ့ အတူ တွဲပွဲတတ်တဲ့ အခါမျိုးနဲ့ဓါတ်ပုံအရိုက်ခံတဲ့ အခါမျိုးမှာ အဲ့ဒီအမျိုးသမီး အပေါ်မှာ လေးစားတဲ့ အနေနဲ့ body touch လုပ်တာမျိုးကို ရှောင်လေ့ ရှိပါတယ်။အသား ကိုတော့ တကယ်မထိပဲ ဖက်ရိုက်ထားသယောင် ပုံမျိုးနဲ့သာ ဓါတ်ပုံရိုက်ခံလေ့ရှိ ပါတယ်။နိုင်ငံတကာ ပရိသတ်တွေအဖို့ကတော့ ဒီအပြုအမှုဟာ ထူးဆန်းနေခဲ့ပါ တယ်။ကိုရီးယားနဲ့အာရှပရိသတ်တွေအတွက်ကတော့ လုံးဝကို လေးစား ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။

READ
အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချို

Billboard Music Awards ဆုပေးပွဲမှာတောင်မှ ကိုရီးယားရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ သူ့ရဲ့ အပြုအမှုကြောင့် ပြည်တွင်းပရိသတ်တွေအတွက် အချစ်ပို စရာဖြစ်ခဲ့ပါတယ်။Jungkook က ပရိသတ်မိန်းကလေးအပေါ် သူ့ရဲ့ လေး စား မှုကို အပြည့်အ၀ပြခဲ့တာပါ။

BTS အဖွဲ့ဟာ မိန်းကလေးနှစ်ယောက်နဲ့ တွဲရိုက် ထားတဲ့ ပုံထဲမှာလည်း ပခုံးကို တကယ်မထိခဲ့သလို မတ်တပ်ရပ်ပြီး တွဲရိုက်တဲ့ ပုံမှာလည်း ခါးကို တကယ်မဖက်ပဲ အယောင်ပြရုံသာ ပြခဲ့တာပါ။

Ref;koreaboo

SHARE