US Amazon Charts မှာ ထိပ်ဆုံးနံပါတ်သုံးခု ချိတ်တဲ့ ပထမဆုံး korea solo artist ဖြစ်လာခဲ့တဲ့ V

ig/@bts_taeofficial

BTS အဖွဲ့ကတော့ အာရှတစ်ခွင်လုံးတင်မက ကမ္ဘာမှာပါ အောင်မြင်မှု သရဖူဆောင်းလာနိုင်ခဲ့တဲ့ Kpop အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ အဖွဲ့ဝင်တစ်ယောက်စီတိုင်းမှာ မတူညီတဲ့ အရည်အချင်းတွေ ကိုယ်စီကို ပိုင်ဆိုင်ထားကြသူတွေဖြစ်သလို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေကို အပိုင်သိမ်းပိုက်ထားနိုင်ကြသူတွေပါ။

https://www.instagram.com/p/BmjSTNTg0Ua/?utm_source=ig_embed&utm_campaign=loading

အခုလည်း BTS ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ V ဟာ ဂီတသမိုင်းတစ်ခုကို စိုက်ထူနိုင်ခဲ့ပြန်ပါပြီ။ သူဟာ Amazon’s song charts ရဲ့ ထိပ်ဆုံးသုံးနေရာကို အရယူနိုင်ခဲ့တဲ့ ပထမဆုံး korea solo artist တစ်ယောက်ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ V ရဲ့ solo song တွေဟာ Amazon ရဲ့ ရောင်းအားအကောင်းဆုံး သီးချင်းတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတယ်ဆိုတဲ့အကြောင်းကို koreaboo ကနေပြီးတော့ အခုလို ဖော်ပြထားပါတယ်။

 

“MAP OF THE SOUL: 7” အခွေထဲက သူ့ရဲ့ solo track ဖြစ်တဲ့ “Inner Child” က နံပါတ် တစ်နေရာမှာ ရပ်တည်နေပြီး Itaewon Class’s OST single သီချင်းဖြစ်တဲ့ “Sweet Night” နဲ့ OST album တို့က နှစ်နဲ့ သုံးနေရာတို့မှာ အရောင်းရဆုံးအဖြစ် ရပ်တည်နေပါတယ်။

READ
စားပွဲထိုးလုပ်ခဲ့တဲ့ အချိန်လေးတွေကို လွမ်းတယ်ဆိုတဲ့ ခင်လေးနွယ်

 

Amazon song chart ဟာ တစ်နာရီအတွင်း ရောင်းအားအကောင်းဆုံး သီချင်းတွေကို ဖော်ပြထားတာဖြစ်ပြီး V ရဲ့ သီချင်းတွေဟာ United State ရဲ့ လူကြိုက်အများဆုံး သီချင်းတွေဖြစ်ကြောင်းကို ဖော်ပြလို့ နေပါတယ်။ ဒီလိုသတင်းကောင်းနဲ့အတူ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ V’s anniversary အထိမ်းအမှတ်အဖြစ် “#7YearWithTaehyung”, “#BTSV” စသဖြင့် ပရိတ်သတ်တွေကြားမှာ V ကိုအသိအမှတ်ပြုတဲ့ ပို့စ်လေးတွေ တင်ပြီး အားပေးနေတယ်ဆိုတဲ့အကြောင်း ရေးသားထားကြပါတယ်။

READ
John Wick 3: Parabellum ရဲ့ ပထမဆုံး official trailer ထွက်ရှိလာခဲ့ပြီ....

Khin

SHARE