လူကြီးအရုပ်ရောင်းတဲ့ဆိုင်ကို ၀င်ပြီး၊ အရုပ်မတစ်ခု ခိုးသွားတဲ့ ဖောက်ထွင်းဝိဇ္ဇာများ

လူကြီးတွေအတွက် ရည်ရွယ်ထုတ်လုပ်တဲ့ Sex Doll များ ရောင်းချတဲ့ ဆိုင်တစ်ခုကို ဖောက်ထွင်းသမားတစ်ချို့ ၀င်ရောက်ခဲ့ပြီး၊ အရုပ်မတစ်ခု ခိုးယူသွားခဲ့တယ်လို့ ဆိုင်ပိုင်ရှင်က ဖွင့်ဟခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်္ဂလန်နိုင်ငံ ဘာရီမြို့မှာ ဖြစ်ခဲ့တာပါ။

Alan Brook လို့ အမည်ရတဲ့ ဆိုင်ပိုင်ရှင်က ဖောက်ထွင်းဝင်ရောက်သူတွေဟာ ဆိုင်မှာထားရှိတဲ့ ကွန်ပျူတာကို အသုံးပြုပြီး၊ ညစ်ညမ်းဗွီဒီယိုဇာတ်ကားတွေကိုလည်း ကျကျနန ဖွင့်ကြည့်သွားကြသေးကြောင်း၊ ဆိုင်ကို ၎င်းတို့ ရောက်ရှိသွားချိန်မှာ သူတို့ကြည့်ခဲ့တဲ့ဇာတ်ကားဟာ တန်းလန်းကြီး ဖြစ်နေသေးကြောင်း ပြောခဲ့ပါတယ်။

Alan ရဲ့ ဆိုင်နာမည်ကိုက Adult Shop လို့ အမည်ပေးထားပါတယ်။ အဆိုပါ ဆိုင်ထဲမှာ ပေါင် ထောင်ချီပေးရနိုင်တဲ့ လူ
ကြီးသုံး အရုပ်မများစွာလည်း ရှိနေသေးပြီး၊ ကွန်ပျူတာများ၊ ဒီဗွီဒီအချပ်များနဲ့၊ ပေါင် တစ်သောင်းအထိ တန်ကြေးရှိတဲ့ ဓာတ်ပုံဗွီဒီယို ကော်ပီကူးစက်တွေလည်း ရှိနေခဲ့ပါတယ်။

READ
မီဂန်မာကယ် ကလေးမီးဖွားပြီးပြီဖြစ်ကြောင်း ပရိသတ်တွေ သုံးသပ်နေကြ

ဒါပေမယ့် ဆိုင်ထဲမှာ တစ်ခြားအဖိုးတန် ပစ္စည်း ပျောက်ဆုံးသွားခြင်း မရှိဘဲ၊ အရုပ်မတစ်ခုကိုသာ ဖောက်ထွင်းသမားတွေက ယူသွားတာ ဖြစ်ပါတယ်။ ဆိုင်ရှင် Alan က ” အရုပ်ခိုးဖို့ သက်သက် ဖောက်ထွင်းတာမို့ ကျွန်တော် အတော်အံ့သြနေပါတယ် … ရဲတပ်ဖွဲ့လည်း ဒီလို ယူဆပါတယ် “လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး ” သူတို့ကြည့်ခဲ့တဲ့ အပြာဇာတ်ကားက ကွန်ပျူတာပေါ်မှာ အသံတညံညံနဲ့ ဖြစ်နေတုန်း … ဒါကတော့ သက်သက်ကို လူပါးဝသွားတာလို့တောင် ကျွန်တော်ကတော့ ထင်နေပါတယ် … ရှက်မနေပါနဲ့ ကျွန်တော်တို့ ဆိုင်က ဈေးချိုပါတယ် … ဈေးလည်း လျှော့ပေးလို့ရပါတယ် “လို့ ပြောခဲ့ပါတယ်။

လင်းဇော်ကို (Shwemom)

READ
အိန္ဒိယဝန်ကြီးချုပ်ကိုခြိမ်းခြောက်ထားတဲ့စာအားသယ်လာပေးတဲ့အတွက် အဖမ်းခံခဲ့ရတဲ့ခို

source : metro.co.uk

SHARE