နောက်ဆုံးလေ့လာတွေ့ရှိချက်အရ ဆေးလိပ်သောက်သုံးသူရဲ့ အိမ်ကိုပြန်ဝယ်သူတွေဟာ ကင်ဆာဖြစ်နိုင်ချေ
ပိုများတာကို တွေ့ရှိခဲ့ပါတယ်။ ဒီလို ဖြစ်နိုင်ခြေက ဆေးလိပ်ငွေ့ကနေထွက်လာပြီး ကောဇောတွေ၊ လိုက်ကာတွေ၊
နံရံတွေမှာ စွဲကပ်နေတဲ့ Third hand Smoke ကြောင့် ဖြစ်ပါတယ်။
လေ့လာသူတွေရဲ့ အဆိုအရ အဲ့ဒိအဆိပ်ငွေ့ဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့်
ငယ်ရွယ်တဲ့ ကလေးတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ပိုမိုထိခိုက်စေနိုင်ပါတယ်။ လေ့လာချက်အရ
ဒီအဆိပ်ငွေ့တွေဟာ အခန်းထဲက မည်သည့်အပေါက်ရှိတဲ့ မျက်နှာပြင်မှာ မဆို စွဲကပ်နေနိုင်ပါတယ်။ ဒါ့ကြောင့်
လည်းပဲ ဒီအငွေ့တွေကို ပြန်လည် သန့်ရှင်းရေး လုပ်ဖို့ခက်ခဲရတာဖြစ်ပါတယ်။
ဒါ့ကြောင့် ဆေးလိပ်တစ်ခါမှ မသောက်ဖူးပေမယ့်လည်း ထိုအခန်းမျိုးမှာ ကြာရှည်စွာနေထိုင်ပါက ဆေးလိပ်
သောက်ခြင်းကြောင့် ရရှိတဲ့ အန္တာရယ်ဖြစ်နိုင်မယ့် Chemicalsတွေကို အမြဲထိတွေ့နေရမှာဖြစ်ပါတယ်။ San
Diego State University က ရူပဗေဒပညာရှင် Dr Georg Matt ဟာ ဒီအဆိပ်ငွေ့အကြောင်းကို နှစ်၂၀ကြာ
အောင် လေ့လာနေခဲ့တာဖြစ်ပါတယ်။
“အိမ်ဟာ တဖြည်းဖြည်းနဲ့ ဆေးရွက်ကြီးနဲ့ ဆေးလိပ်က ထွက်တဲ့ အဆိပ်ငွေ့တွေ စုထားတဲ့ သိုလှောင်ကန်ကြီး
လို တဖြည်းဖြည်း ဖြစ်လာပါတယ်။” လို့ Dr Georg Matt ကဆိုပါတယ်။ ဒီလေ့လာမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့
ဓာတုဗေဒပညာရှင် Dr Eunha Hoh က ” စီးကရက်ဟာ ထောင်ပေါင်းများစွာသော ဓာတုဓာတ်ပေါင်းတွေ
ပါဝင်ပါတယ်။ အဲ့ဒိဓာတ်ပေါင်းတွေ အားလုံးဟာ နံရံတွေပေါ်မှာ စွဲကပ်နေတတ်ပါတယ်။ ဒီဓာတုဓာတ်ပေါင်း
တွေ အားလုံးလိုလိုဟာ အန္တာရယ်ရှိတဲ့ အရာတွေချည်းပါပဲ။ Third Hand Smoke ဆိုတာကတော့ အဲ့ဒိအငွေ့
တွေရဲ့လက်ကျန်ဖြစ်တာကြောင့် မူရင်းအငွေ့လောက်တော့ မပြင်းပါဘူး။ ဒါပေမယ့် နှစ်တွေကြာပြီး ပမာဏများ
လာတဲ့ အခါမှာတော့ အဆိပ်တွေဖြစ်လာပြီး အန္တာရယ် အလွန်ရှိပါတယ်။” လို့ဆိုပါတယ်။
ဒီအန္တာရယ်ရှိတဲ့ ဓာတ်ပေါင်းတွေဟာ ကင်ဆာဖြစ်နိုင်ခြေကို မြှင့်တင်ပေးပြီး ချောင်းဆိုးခြင်း၊ မျက်လုံးယားယံ
ခြင်း၊ လည်ချောင်းယားယံခြင်းတို့ကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒီအငွေ့တွေဟာ ဒဏ်ရာတွေကျက်တာ မမြန်
အောင်လည်း တားဆီးပါတယ်။
ဒီအန္တာရယ်ကို ခံစားရဖို့ ဖြစ်နိုင်ခြေ အရှိဆုံးသူတွေကတော့ ကလေးတွေပဲဖြစ်ပါတယ်။ ကလေးတွေဟာ ကြမ်း
ပေါ်မှာ တွားသွားနေတတ်တာကြောင့် အဆိပ်ငွေ့တွေနဲ့ ထိတွေ့ဖို့ပိုများပါတယ်။ “ဒီ Third Hand Smoke ကို
အပြီးရှင်းထုတ်ဖို့ နည်းလမ်းမတွေ့သေးပါဘူး။ ကျွန်တော်တို့ နည်းလမ်း၇ှာဖို့ လိုနေပါပြီ” လို့ Dr Hohကက ဆို
ပါတယ်။
Myanmar Online Media
Source: thesun.co.uk