နာမည်နဲ့လိုက်အောင် နယ်နိမိတ်ပြောင်းလဲသတ်မှတ်ပေးဖို့ တောင်းဆိုနေတဲ့ Batman

တူရကီနိုင်ငံမှာ Batman အမည်ရတဲ့ ပြည်နယ်တစ်ခုရှိပါတယ်။ ပြည်နယ်က Batman ဖြစ်ပေမယ့် မြေပုံအနေအထားကတော့ Batman သဏ္ဍာန်မဟုတ်ပါဘူး။ ဒါကြောင့် နာမည်နဲ့လိုက်အောင် နယ်နိမိတ်အနေအထား ပြန်လည်သတ်မှတ်ပေးဖို့ နယ်သားတွေက ဒေသအာဏာပိုင်တွေကို အသနားခံစာတင်ထားတယ်လို့ သိရပါတယ်။

Gulf Times

အွန်လိုင်းမှာ တင်ထားတဲ့ ယင်းအသနားခံစာဟာ လွန်ခဲ့တဲ့(၂)ပတ်လောက်ကတည်းက စတင်ခဲ့ပြီး လူပေါင်း (၂၃,၀၀၀) တို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အသနားခံစာကိုတော့ Batman ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဆီ ဦးတည်ပြီး ပေးပို့ထားပါတယ်။ Batman ပုံစံ ပြည်နယ်နယ်နိမိတ် အသွင်ပြောင်းလဲရေးကိုတော့ “Batman ဟာ ပြောင်းလဲချိန်တန်ပြီ” ဆိုပြီး ကီမာအာတာကန်ကာကာဆိုသူက စတင်အကြံပြုခဲ့တာပါ။

Google map

ကီမာက “ကျွန်တော်တို့ Batman ကို ကြီးကျယ်ခမ်းနားအောင် ပြောင်းလဲကြမယ်။ လောလောဆယ် ပြည်နယ်နယ်နိမိတ်ကို အပြင်က တကယ့် Batman သဏ္ဍာန်နဲ့ ပုံစံတူသွားအောင် စတင်သတ်မှတ်ကြရအောင်ပါ။” လို့ဆိုကာ အသနားခံစာကို စတင်ခဲ့ရာက လူပေါင်းများစွာဟာ သဘောတူညီကြောင်း လက်မှတ်ရေးထိုးတင်သွင်းခဲ့တာပါ။

READ
စစ်ပွဲရဲ့သက်ရောက်မှုအဖြစ်ငတ်ပြတ်ပြီးသေတဲ့ ၅လသားအရွယ်ကလေးငယ်
Change.org

Batman ပြည်နယ်မှာ လူဦးရေ(၆)သိန်းလောက် နေထိုင်ကြပြီး Batman ဟာ ရေနံထုတ်လုပ်ရာ အချက်အချာနေရာလည်း ဖြစ်ပါတယ်။ (၂၀၀၈)ခုနှစ်အရောက်မှာ Batman ပြည်နယ် Batman မြို့တော်မှ မြို့တော်ဝန်က Warner Bros ကို တရားစွဲမယ်လို့ ဆိုခဲ့ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ Batman Begins နဲ့ The Dark Knight ရုပ်ရှင်တွေမှာ သူတို့မြို့နာမည်ကို မူပိုင်ခွင့်ကြေးမပေးပဲ အသုံးပြုတဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ တရားဆိုင်မှုတွေ မပြုလုပ်ခဲ့ရပါဘူး။ အကြောင်းရင်းက Batman ဇာတ်ကောင်ဟာ (၁၉၃၀)ခုနှစ်များဆီက ဖန်တီးခဲ့တဲ့ ဇာတ်ကောင်ဖြစ်ပြီး တူရကီနိုင်ငံက Batman ပြည်နယ်ထက် နှစ်ပေါင်း(၂၀)လောက် စောခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

READ
အိပ်ရာပေါ်မှာ (၂)လကြာလဲလျောင်းနေနိုင်သူတွေကို သိန်း(၃၀၀)နဲ့ ငှားရမ်းနေတဲ့ နာဆာ

Ref: Dailymail

SHARE