သစ်ပင်မှာ ငှက်တစ်ကောင်ရှိတယ် … ရှာကြည့်ပါ …။

ဖော်ပြပါ ပုံထဲက သစ်ပင်ပေါ်မှာ ငှက်တစ်ကောင်ရှိတယ် ပြောတာပဲ … သူငယ်ချင်းတို့ကတော့ မြင်ရသလား .. ? ဇီးကွက်လို့ ပြောတာပဲ … ဒီပုံနဲ့ပတ်သက်ပြီး ဇီးကွက်ကို နာမ်စား (She) ကို အသုံးပြုထားလို့ ဇီးကွက်အမ ဖြစ်မယ်လို့ ထင်ပါ
တယ်။ ဒါကလည်း  ကျွန်တော်တို့တော့ သိပ်မကျွမ်းဘူးဗျ။ ကျွန်တော်တို့ကတော့ တိရစ္ဆာန်တစ်ကောင်ကောင်ကို အထီးအမ အင်္ဂါစုံစုံလင်လင်မြင်မှ ခွဲခြားတတ်တာမျိုးပါ။ ဒါလည်း အတော်သင်ထားရတယ် … 😛 ။ အထက်ပါ ပုံထဲမှာ ဇီး
ကွက်ကို မမြင်သေးဘူးဆိုရင်တော့ အောက်က ပုံကို ဆက်ကြည့်လိုက်ပါ။

ဒါဆို ဇီးကွက်ကို သတိထားမိလောက်ပါပြီ။ အဲဒီဇီးကွက်မလေးဟာ သူမရဲ့ အသိုက်ကို ပင်စည်အပေါက်ထဲမှာ လုပ်ထားပါတယ်။ ဒီပုံဟာ အလွန်အေးမြတဲ့ ရာသီဥတုသက်ရောက်မှုရှိတဲ့ တောတစ်ခုထဲကနေ ရိုက်ကူးခဲ့ပုံရပါတယ်။ ဒီဇီးကွက်မကတော့ Barred Owl မျိုးစိပ်ဝင် ဇီးကွက်ဖြစ်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာ တွေ့ရတတ်တဲ့ မိန်ငှက် (မိန်ကောင်) နဲ့
ခန္ဓာကိုယ်အရွယ်အစား သိပ်မကွာပါဘူး။

READ
Selfie ဘုရင်တွေ လက်ဖျားခါရမယ့် ချစ်စရာ Pose ပိုင်ရှင် တိရစ္ဆာန်လေးတွေ

ဒီဓာတ်ပုံကို ရိုက်ကူးခဲ့သူကတော့ ကနေဒါနိုင်ငံ British Columbia ပြည်နယ်၊ Abbotsford မြို့သားဓာတ်ပုံဆရာ Anthony ဖြစ်ပါတယ်။ သူက ” ကျွန်တော် မေပယ်လ်ပင်ကြီးပေါ်မှာ အခြားဇီးကွက် အထီးတစ်ကာင်ကို  သတိထားမိ
လိုက်ပါတယ် … ကျွန်တော် လေကလေး ချွန်ပြပြီး သူ့ကို ဓာတ်ပုံတွေ ရိုက်ယူလိုက်ပါတယ် … အဲဒီအချိန်မှာပဲ .. ကျွန်တော့် နောက်ကျော ခပ်မြင့်မြင့်တစ်နေရာကနေ ရန်လုပ်တဲ့ အသံကို ကြားရပြန်ပါတယ် ” လို့ သူက ပြောပါတယ်။

အဲဒီမှာ ဇီးကွက်အမကို မြင်လိုက်ရတာ ဖြစ်ပါတယ်။ အဆိုပါ ဇီးကွက်အမဟာ အသံပြုပြီး ပုံထဲမှာပါတဲ့ သစ်ခေါင်းထဲကို
ဝင်သွားပါတယ်။ Anthony ကို ရန်လုပ်ခြင်းမှာ သူရဲ့အသိုက်နဲ့ နီးစပ်နေလို့ ဥထားတဲ့ ဥတွေကို ခိုးမှာစိုးလို့နဲ့တူပါတယ်။ သူမ သစ်ခေါင်းထဲ ပြန်ရောက်သွားတဲ့အခါမှာ ရုတ်တရက်ကြည့်ရင် မွဲခြောက်ခြောက် သစ်ခေါက်တွေနဲ့ အရောင်ရောပြီး မမြင်ရသေးပါဘူး။ သေချာ အာရုံစိုက်ကြည့်မှ မြင်ရပါတယ်။ အဲဒီအခါမှာတော့ Anthony အတွက် အဖိုးတန်ရိုက်ကွင်း
တစ်ခု ရသွားပါတယ်။

READ
အွန်လိုင်းပေါ်မှာ လှတယ်ထင်ရပေမယ့် အပြင်နဲ့မတူညီကြောင်း မြင်သာစေမယ့်ဓာတ်ပုံများ

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE