မျက်စိလျင်သူတွေပဲ ရှာတွေ့နိုင်မယ့် ဓာတ်ပုံထဲက ပုန်းနေတဲ့မြွေ

အိမ်တစ်အိမ်မှာ လူတွေအပြင် ပိုးမွှားအင်းဆက်နဲ့ အခြားသတ္တ၀ါတွေလည်း နေထိုင်ကြပါတယ်။ တချို့သတ္တ၀ါတွေကိုတော့ လူတွေ ကိုယ်တိုင် မွေးထားပေမယ့် တချို့တလေကျတော့လည်း မဖိတ်ခေါ်ပဲ ရောက်လာတတ်ပါတယ်။ မဖိတ်ခေါ်ပဲ အိမ်ထဲဝင်လာကြတဲ့ ဧည့်သည်တွေထဲမှာ လူကိုအန္တရာယ်ပြုနိုင်တဲ့ သတ္တ၀ါတွေလည်း ပါဝင်နိုင်ပါတယ်။ မကြာသေးခင်ကတော့ သြစတေးလျနိုင်ငံ ကွင်းစ်လန်းဒ်က မိသားစုနေအိမ် တစ်အိမ်မှာ မြွေတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

မြွေကိုတွေ့တဲ့နေရာက ထမင်းစားခန်းထဲမှာပါ။ ဒါပေမယ့် သာမန်အတိုင်းဆို တွေ့မြင်ဖို့ ခဲယဉ်းတဲ့မြွေကို မထင်မှတ်ပဲ တွေ့ရှိခဲ့တဲ့ မိသားစုက ဆိုရှယ်မီဒီယာပေါ်က လူတွေ မျက်စိအလုပ်ရအောင် ဓာတ်ပုံရိုက်လိုင်းပေါ်တင်ပြီး မြွေကို အရှာခိုင်းခဲ့တာပါ။

(Image: Sunshine Coast Snake Catchers 24/7)

စာဖတ်သူလည်း ကိုယ်မျက်စိဘယ်လောက်လျင်သလဲ စမ်းမကြည့်ချင်ဘူးလား။ ဓာတ်ပုံထဲမှာ တကယ်ပဲ မြွေတစ်ကောင်ပုန်းနေပါတယ်… ရှာကြည့်ကြည့်နော်။

ကဲ…ပုန်းနေတဲ့မြွေကို ရှာတွေ့ပြီလား။ ကိုယ်ရှာတွေ့ထားတာက တစ်ကယ်ပဲ ပုန်းနေတဲ့မြွေဟုတ်၊ မဟုတ်ဆိုတာကို အဖြေပြောပြမယ်နော်။ ဓာတ်ပုံထဲက အနက်ရောင်ထိုင်ခုံ ခြေထောက်တွေကို ကြည့်လိုက်ဦး။ ဘယ်ဘက်က ခုံမဟုတ်ဘူးနော်။ ညာဘက်က ခုံ။ ခုံရဲ့နောက်ခြေထောက်အောက်မှာ အဖြူရောင်လိုလို အရစ်ကလေးကို တွေ့မိလား။ အဲဒါက တကယ်တော့ ပုန်းနေတဲ့မြွေပါနော်။ သူ့အရောင်ကလည်း အညိုရောင်ဆိုတော့ ခုံခြေထောက်တွေနဲ့ အရောင်ရောနေပြီး မျက်စိအမြင်မှားစရာပါပဲ။

READ
မြင်သူတိုင်းကို အရည်ပျော်သွားစေမယ့် ချစ်စဖွယ်အမူအရာနဲ့ခွေးလေးများ
mirror

မြွေက Brown Tree Snake အမျိုးအစားပါ။ သူတို့တွေက နေ့ဆိုပုန်းနေပြီး ညဘက်မှ အပြင်ထွက်ပြီး အစာရှာကြတာပါ။ ပုံမှာ တွေ့ရတဲ့ အရွယ်အစားလောက်ဆိုရင် ပုရွက်ကောင်တွေကနေ ငှက်တွေအထိ အကုန်စားနိုင်ပါတယ်။ ခုတော့ အဖြေလည်း သိရပြီမို့ … အစတုန်းက ကိုယ်ခန့်မှန်းထားသလို ဟုတ်၊ မဟုတ် ပြောပေးခဲ့ကြဦးနော်။

လင်းလင်း (ShweMom)

Ref: mirror

SHARE