မိန်းမ(၂၇) ယောက်ယူထားပြီး ကလေးအယောက်(၁၀၀) ကျော်ရှိတဲ့ ကနေဒါအမျိုးသား

youtube/Without A Crystal Ball

လူ့အဖွဲ့အစည်းမှာ မိန်းမအများကြီးယူထားပြီး ကလေးအများကြီး မွေးထားတဲ့မိသားစုမျိုးတွေကို တွေ့မြင်ရတာ အဆန်းတော့မဟုတ်ပါဘူး။ မယားပြိုင်ယူတဲ့ဓလေ့ဟာ ရေမြေဒေသပေါ်လိုက်ပြီး ရှိတတ်ကြပါတယ်။ အခုမှာတော့ မယားပြိုင်ယူတဲ့စနစ်ကိုကျင့်သုံးနေတဲ့ ကနေဒါအမျိုးသားတစ်ဦးကို storypick သတင်းစာမျက်နှာကနေ ဖော်ပြပေးလိုက်ပါတယ်။

Winston Blackmore အမည်ရတဲ့အမျိုးသားဟာ အသက် ၆၄နှစ်ရှိပြီဖြစ်ပါတယ်။ Blackmore မှာ ဇနီး၂၇ယောက်နဲ့ ကလေးအယောက် ၁၅၀ လောက်ရှိတယ်လို့ သိရပါတယ်။ သူဟာ ကနေဒါမှာတော့ မယားပြိုင်စနစ်ကို လက်ခံကျင့်သုံးရာမှာ ထင်ရှားသူဖြစ်ပါတယ်။ ဒီလိုသမရိုးကျမဟုတ်တဲ့ မိသားစုဘဝအကြောင်းကိုတော့ Blackmore ရဲ့ အသက်၁၉နှစ်အရွယ် သားတစ်ယောက်ဖြစ်တဲ့ Merlin Blackmore က ဆိုရှယ်မီဒီယာပေါ်ဖွင့်ထုတ်ခဲ့တာပါ။

Merlin အတွက်တော့ အမေ ၂၇ယောက်ရှိပြီး မောင်နှမတွေမရေမတွက်နိုင်အောင်များတဲ့ သူ့ဘဝအကြောင်းကို ဖော်ထုတ်ဖို့ အချိန်အကြာကြီးစဉ်းစားခဲ့ပါတယ်။ Merlin အပြင် သူ့ရဲ့ညီအစ်ကိုနှစ်ဦးဖြစ်တဲ့ အသက် ၂၁နှစ်အရွယ် Warren နဲ့ ၁၉နှစ်အရွယ် Murary တို့ကလည်း သူတို့ဘဝအကြောင်းကို အွန်လိုင်းပေါ်မျှဝေခဲ့ပါတယ်။ မောင်နှမတွေအားလုံးဟာ မိသားစုအကြီးအကဲဖြစ်တဲ့ Winston Blackmore ပိုင်ဆိုင်တဲ့ကျောင်းကိုသာ အားလုံးတက်ကြရပါတယ်။ ဒါကြောင့် သူတို့တွေမှာ အတန်းဖော်တွေ သူငယ်ချင်းတွေလည်းမရှိပါဘူး။ သူတို့နဲ့အတူကျောင်းတက်နေတဲ့သူတွေက မောင်နှမတွေ၊ တူ တူမတွေသာဖြစ်ပါတယ်။

READ
မုန်းသူများကိုအောင်မြင်ကြောင်း နည်းလမ်း(၇)သွယ်

Merlin ကတော့ သူ့ရဲ့အသက်အကြီးဆုံးအစ်ကိုဟာ အသက် ၄၄နှစ်အရွယ်ရှိပြီဖြစ်ကာ အငယ်ဆုံးကတော့ ၁နှစ်ရှိပြီလို့ သိရပါတယ်။ ကလေးတွေအားလုံးဟာ ကိုယ့်မိခင်ရင်းကိုရော မိထွေးတွေကိုရော အမေလို့သာ ခေါ်ဝေါ်ကြပါတယ်။ တစ်ချို့ကလေးတွေဆိုရင် အမေမတူပေမယ့် တစ်နေ့တည်း တစ်ရက်တည်းမှာမွေးကြတာပါ။ မိသားစုဝင်အားလုံးဟာ တစ်သီးတစ်ခြားမနေကြဘဲ မိုတယ်အိမ်ကြီးတစ်လုံးမှာပဲ နေကြပါတယ်။ ကိုယ်စားဖို့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ကိုယ်တိုင်စိုက်ပျိုးရပါတယ်။ အကြောင်းရင်းကတော့ ကလေး အယောက် ၁၅၀ အတွက် အစားအသောက်ဝယ်ဖို့ဟာ ခက်ခဲတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒါကတော့ Merlin က သူ့အကြောင်းပြောပြနေတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်။

ShweMom

SHARE