Cancer (ကရကဋ်ရာသီဖွား)တွေရဲ့ မေလ ကံကြမ္မာဟောစတမ်း

ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူတွေကိုတော့ ကရကဋ်ရာသီ ဖွားလို့ သတ်မှတ်ကြပါတယ်။ဒီရာသီဖွားတွေရဲ့ မေလကံကြမ္မာဟောစ တမ်းကတော့ လုပ်ငန်းခွင်နဲ့Personal life မှာ အောင်မြင်မှုတွေနဲ့ ကြုံရမယ့်လပါ။အိမ်တွင်းရေးအရှုပ်အထွေးပြဿနာတွေကိုလည်းေ အာင်မြင်ကျော်လွှားနိုင်မယ့် ကာလပါ။ကိုယ်ပိုင်ရပ်တည်ချက်၊ ဆုံးဖြတ် ချက်နဲ့ဆောင်ရွက်လာခဲ့သမျှတွေဟာ လကုန်ပိုင်းလောက်ကျရင်တော့ သူများဆီကနေ အကူအညီယူရတဲ့ အခြေအနေမျိုးနဲ့ ကြုံရနိုင်ပါတယ်။ ဘာသာရေးပွဲ၊အလှူအတန်းပွဲတွေမှာ ပါဝင်ရနိုင်ပါတယ်။

အလုပ်အကိုင် – လုပ်ငန်းကိုင်ငန်းတွေမှာ အဆင်ပြေအောင်မြင်မှုရပါ လိမ့်မယ်။လစာတိုးတာမျိုးနဲ့ ကြုံရနိုင်ပါတယ်။အကြီးအကဲဆီကနေ ဆုချီးမြှင့်ပေးတာမျိုးနဲ့ ကြုံရနိုင်ပါတယ်။

ငွေရေးကြေးရေး-မိတ်ဆွေရင်းတွေဆီကနေငွေကြေးအကူအ ညီရ တာမျိုးနဲ့ကြုံရနိုင်ပါတယ်။နည်းပညာရပ်ဆိုင်ရာ ပစ္စည်းတွေ၊ Marketi ng နဲ့ Sales တွေလုပ်ရာကနေ ကုန်ပစ္စည်းတွေ ပြန်ပို့ခံရတာမျိုးနဲ့ ကြုံရတတ်ပါတယ်။လာဘ်မြင်သူတွေဖြစ်တာကြောင့် စိတ်ကူးသစ်၊ အကြံဥာဏ်သစ်တွေကို သုံးပြီး ငွေရှာကောင်းသူတွေပါ။

READ
သြဂုတ်လ (၁၅) ရက်နေ့အတွက် ရာသီခွင်တို့ရဲ့ ကံဇာတာ

မေတ္တာရေး – ဒီလမှာတော့ မေတ္တာရေး ကံတတ်နေပါတယ်။မြှား နတ်မောင်က သင့်နောက်ကို တကောက်ကောက် လိုက်နေပါလိမ့် မယ်။အိမ်ထောင်ရှင်တွေ၊ချစ်သူရှိပြီးသူတွေမှာပါ နောက်ထပ် အချစ် ကိစ္စတွေ ကြုံရနိုင်ပါတယ်။လူမှုရေးကိစ္စတွေမှာပါ ကံဇာတာတတ်ေ နပြီး လူချစ်လူခင်ပေါများ နေပါလိမ့်မယ်။သူငယ်ချင်းသစ်၊ မိတ်ဆွေ သစ်တွေ တိုးပွားလာပါလိမ့်မယ်။အိမ်ထောင်ရှင်တွေအနေနဲ့ ကိုယ်ဝန်သတင်းကြားရနိုင်ပါတယ်။

ကျန်းမာရေး– ကျန်းမာရေးကတော့ ဒီလမှာ နည်းနည်း တိုးတတ်ေ ကာင်းမွန်မယ့်လပါ။ရောဂါအသေးအမွှားလေးတွေဖြစ်နိုင်ပါတယ်။ခြုံပြောရရင်တော့ ဒီလမှာ အချစ်ရေး၊အလုပ်အကိုင်နဲ့ ငွေရေးကြေးရေး ကံကောင်းမယ့်လပါ။

Nilar (Shhwemom)

Ref;sunsigns

SHARE