ကရကဋ်ရာသီဖွား ကောင်မလေးတွေရဲ့ အချစ်နဲ့ပတ်သက်တဲ့ စိတ်နေစိတ်ထား

ဇွန်(၂၁)မှ ဇူလိုင်(၂၂)ရက်နေ့အတွင်း မွေးဖွားသူတွေကိုတော့ Cancer (ကရကဋ်ရာသီဖွား)လို့ သတ်မှတ်ကြပါတယ်။ဒီရာသီဖွားကောင်မလေးတွေရဲ့ အချစ်နဲ့ပတ်သက်တဲ့ စိတ်နေစိတ်ထားကို ပြောပြပေးချင်ပါတယ်။ဒီရာသီဖွား ကောင်မလေးတွေဟာ သူတို့ရဲ့ နှလုံးသားကို အလွယ်မပေးတတ်သူတွေပါ။တ ကယ်လို့ နှလုံးသား ပုံအပ်တော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်လည်း လုံးဝကို ပုံ အပ်ယုံမှတ်တတ်သူတွေပါ။လူတစ်ယောက်ကို ချစ်ဖို့ အတော်လေးကို သ တိ ကြီးကြီး ထားတတ်ကြသူတွေမို့ သူတို့ရဲ့ အချစ်ကို လိုချင်ရင် ဇွဲရှိ၊ စိ တ်ရှည်မှ ဖြစ်မှာပါ။သူတို့ကို ဘယ်လို စကားပြောရမလဲဆိုပြီး ခေါင်းခြော က်ရတာက အဓိက စိန်ခေါ်မှုဖြစ်ပါလိမ့်မယ်။ခံစားချက်ကိုလည်း အလွယ်ဖွင့် မပြတတ်တဲ့ မိန်းကလေးမျိုးပါ။ချစ်သူတော်ပြီးပြီ၊လက်ထပ်ပြီးပြီ ဆိုရင်တော့ သင့်အပေါ်ကို တစ်သက်လုံး သစ္စာရှိသွားမယ့် သူမျိုးပါ။

Cancer ရာသီဖွားကောင်မလေးတွေနဲ့  Relationships အကြောင်း

READ
Aries(မိဿရာသီဖွား) ကောင်မလေးကို ချစ်မိရင်.......

ဒီရာသီဖွားတွေဟာ တစ်ချိန်တည်းမှာ နွေးလည်း နွေးထွေး သလို အေးလည်း အေးစက်တတ်သူတွေပါ။အပြင်ပန်းကြည့်ရင်တော့ သူတို့ဟာ အေးစက်ပြီး နှလုံးသားမဲ့တယ်လို့ ထင်ကောင်းထင်မှာပါ။ဒီရာသီဖွားကောင်မလေးတွေနဲ့ ဒိတ် တော့မယ်ဆိုရင်တော့ သူမရဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုမထားပါနဲ့။သူမ မကြိုက်တဲ့ အရာတွေကို သွားပြီးတော့ မလုပ်ပါနဲ့။သူမရဲ့ စိတ်ကို သိမ်းပိုက်နို င်ဖို့ သေချာ အချိန်ယူပါ။သင့်ဘက်ကနေ သူမကို အရမ်းကြီး ဖိအားပေးဖို့ မကြိုးစားပါနဲ့။

အရှက်ကြီးတဲ့ မိန်းကလေးဖြစ်တာကြောင့် သူမကို ဆက်ဆံပြောဆိုရာမှာ သတိထားပါ။မိတ်ဆွေဆက်ဆံရေးပဲဖြစ်ဖြစ် သမီးရည်းစားဆက်ဆံရေးပဲ ဖြစ်ဖြစ် သူမဘက်က ကြည်ကြည်ဖြူဖြူ လက်ခံပြီးပြီဆိုရင်တော့ ဒီဆက်ဆံရေး တစ်သက်လုံးခိုင်မြဲဖို့ ကြိုးစားသွားမယ့် သူမျိုးပါ။တွဲပြီး သိပ်မကြာခင်မှာပဲ လက် ထပ်ဖို့ ချက်ချင်းဆုံးဖြတ်မှာမဟုတ်ပါဘူး။

ရည်းစားဖြစ်ပြီးရင်တောင်မှ လက်ထပ်ဖို့ အတွက် အချိန်ယူစဉ်းစားမယ့် မိန်းကေ လးမျိုးပါ။သစ္စာရှိပါ့မလားလို့တော့ စိုးရိမ် စရာ မလိုပါဘူး။သစ္စာတရားကိုလက် ကိုင်ထားတဲ့ Type မျိုး ဖြစ်တာကြောင့် သင့်အပေါ်ကို သူမဘက်ကနေ စပြီးေ တာ့ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။

READ
ဗြိစ္ဆာရာသီဖွား(Scorpio) များအတွက် 2017 ဇွန်လ အထွေထွေ ဟောစာတမ်း

Ref;sunsigns

 

SHARE